Chapter 246

1.5K 197 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၀ )

Chapter-10

ယွမ်ဖန်းက မှော်ဆေးပညာနှင့် ပတ်သက်လာပါက သူစိမ်းပြင်ပြင်ဖြစ်သော်လည်း သူကထိုမှော်ဆေးပညာအကြောင်းကို ဗဟုသုတများစွာ ရှိနေပေသေး၏။

ယီယွမ်၏ ဆေးလုံးဖော်စပ်ခြင်း နည်းလမ်းက ယီဟန်၏ ဆေးလုံးဖော်စပ်ခြင်း နည်းလမ်းနှင့် တူညီသောအဆင့်တွင် မရှိပေ။

ယီယွမ်က နေရာသုံးခုတွင်သာ လက်ဟန်များပြုလုပ်ခဲ့သည်ကို ယွမ်ဖန်းက သိရှိခဲ့၏။ သူကလက်ဟန်များ ပြုလုပ်ခဲ့သောနေရာနှင့် သူ၏ခွန်အားက သုံးကြိမ်စလုံး တိတိကျကျ တူညီနေပေသည်။

ဤသို့သော အရှိန်အဟုန် မြှင့်၍ လှုပ်ရှားချိန်တွင် ထိုသို့ လက်ခံနိုင်ဖွယ်ရာမရှိသည့် နူးညံ့သိမ်မွေ့သော စွမ်းရည်များကို လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ သူ၏ကိုယ်ပိုင် စွမ်းရည်များနှင့် နှိုင်းယှဉ်ကြည့်လျှင်ပင် သူကထိုအရာကို ပြုလုပ်နိုင်မည်မဟုတ်ကြောင်း ယွမ်ဖန်းက ကောင်းစွာသိရှိပေ၏။

သူကဲ့သို့ အဆင့်(3)ပုဂ္ဂိုလ်ပင် ထိုသို့မလုပ်ဆောင်နိုင်သော်လည်း ယီယွမ်က လုပ်ဆောင်နိုင်ခဲ့သည်။

ဤသို့သော ဆေးဖော်စပ်ခြင်း နည်းလမ်းမျိုးက ထပ်ကာ ထပ်ကာဖြင့် အကြိမ်ကြိမ် အခါခါ လေ့ကျင့်ခြင်းမရှိပါက ရရှိနိုင်ရန် မဖြစ်နိုင်ကြောင်း ယွမ်ဖန်းက သိရှိပေ၏။

ပြဿနာကား ယီယွမ်က အသက် ၁၅နှစ်သာ ရှိနေခဲ့ခြင်းဖြစ်သည်။ သူကမည်သည့်အတွက် ဤသို့ ပြုလုပ်နိုင်စွမ်း ရှိနေခဲ့ရသနည်း။

ထို့်ပြင် ယီယွမ်၏နည်းလမ်းက ရေအလျင်ကဲ့သို့ လွတ်လပ်စွာ စီးဆင်းနေခဲ့ပြီး သူ၏စိတ်ကို အပန်းပြေ၍ သွက်လက်မှုကိုပါ ခံစားရစေခဲ့၏။ ထိုအရာက လက်ဟန်တစ်စုံသာ ဖြစ်မှန်း ယွမ်ဖန်းက သိရှိသော်လည်း အနုပညာလက်ရာတစ်မျိုးဟုသာ ခံစားနေခဲ့ရသည်။

ထိုအရာက အမှန်တကယ်ပင် ယုံကြည်ချင်စရာ မရှိပေ။

ယွမ်ဖန်းက သာမန်လူတစ်ယောက်သာ ဖြစ်၏။ ပြောရမည်ဆိုလျှင် ကျွမ်းကျင်သူများက ရှုပ်ထွေးမှုများကို မြင်တွေ့နိုင်သော်လည်း သာမန်လူများကမူ ကြည့်နေရုံသာ ကြည့်နေနိုင်ပေသည်။ အကယ်၍ နန်ဖိန်လျှိုချင်ကသာ ဤနေရာတွင် ရှိနေခဲ့ပါက သူမက ငယ်သံပါအောင် အော်ဟစ်မိသည်အထိ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားမည်မှာ သေချာလှပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now