ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၇ )
Unicode
Chapter-7
ယီယွမ်က သူ၏လက်ကို အသာဝှေ့ယမ်းလိုက်သည်နှင့် ထိုကျောက်စိမ်းပြား အပိုင်းအစလေးက သူ၏လက်အတွင်းသို့ ပျံသန်းရောက်ရှိလာခဲ့၏။
သူက ထိုကျောက်စိမ်းပြား အပိုင်းအစအတွင်းသို့ သူ၏နတ်ဘုရားစိတ်အာရုံကို ထည့်သွင်းလိုက်သော်လည်း အထဲရှိ အချက်အလက်က မပြည့်မစုံ ဖြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။
အထူးသဖြင့် ကျောဘက်တွင် ပါဝင်သော အရာများမှာ စာလုံးတို အနည်းငယ်မျှသာ ဖြစ်၏။ ထိုအရာက စာကြောင်းများပင် မဟုတ်ခဲ့ပေ။
"ကျူးကျော်ဝင်ရောက်ခြင်း"၊ "သွေးလွှမ်းတိုက်ပွဲကြီး"၊ "သေခြင်းတရား" စသော စကားလုံးအနည်းငယ်က ယီယွမ်၏ အာရုံကို စွဲဆောင်သွားခဲ့၏။
"ကြည့်ရတာ ဒီထာဝရခမ်းနားခြင်း နန်းတော်က အတိတ်တစ်ချိန်မှာ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်နဲ့ တူတယ်… အဲဒါကြောင့် ဒီလိုအဆုံးသတ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာပဲ ဖြစ်မယ်… ဒါမှမဟုတ် လူလင်ဖုန်းက အဖွဲ့ရဲ့ ခမ်းနားကြီးကျယ်မှုကို တစ်ယောက်တည်း ထမ်းပိုးရတာ ခြေကုန်လက်ပန်းကျသွားလို့ ထာဝရခမ်းနားခြင်းနန်းတော် ဒီလိုကြေကွဲစရာကောင်းတဲ့ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာပဲ ဖြစ်နိုင်တယ်….." ယီယွမ်က သက်ပြင်းချ၍ သူ့ကိုယ်သူ ပြန်ပြောနေခဲ့သည်။
ယီယွမ်က ကျောက်စိမ်းပြားကို ပြန်ထား၍ အဆင့်(5) ဆေးအိုး၏ဘေးသို့ လာရောက်သောအခါ ဆေးအိုး၏ဘေးတွင် "စတုရန်း"ဟူသော စကားလုံး ရိုက်နှိပ်ထားသည်ကို မြင်လိုက်ရ၏။
"ဒီဟာက ဆေးအိုးရဲ့နာမည် ဖြစ်လိမ့်မယ်… စတုရန်းဆေးအိုး… အလွန်သင့်တော်တဲ့ နာမည်ပဲ….." ယီယွမ်က ပြုံး၍ပြောလိုက်သည်။
ယီယွမ်က စတုရန်းဆေးအိုးပေါ်သို့ သူ၏နတ်ဘုရားစိတ်အာရုံ အသုံးပြု၍ လေ့လာကြည့်လိုက်ချိန်တွင် နောက်တစ်ကြိမ် ချီးကျူးချင်စိတ်ကို ထိန်းချုပ်၍မရခဲ့တော့ပေ။ "လူလင်ဖုန်း ချန်ထားရစ်ခဲ့တဲ့ တာအိုသင်ကြားမှုတွေရဲ့ ကောင်းမွန်စွာ လေ့လာထားမှုတွေပဲ… ဒီဆေးအိုးမှာ ထည့်သွင်းထားခဲ့တဲ့ ဝင်္ကပါတွေကလည်း တော်တော်လေး လွန်ကဲသွားခဲ့ပြီ….."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...