Chapter 293

1.5K 180 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၄ )

Chapter-2

ယီယွမ်က မုန်တိုင်း၏အလယ်ဗဟိုတွင် ရှိနေခဲ့ပြီး သူ၏အဝတ်အစားများက လေထဲသို့ တလူလူ လွင့်နေခဲ့ပေသည်။

လက်ရှိအချိန်တွင် သူ၏အနီး ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များ၏ ရက်စက်မှုက အသက်ရှူကြပ်စေသည်အထိ ဖြစ်နေခဲ့ပေ၏။

ထို့ပြင် ယီယွမ်၏ အဆင့်ချိုးဖျက် တက်ရောက်မှုက ယခုအချိန်တွင် အရေးကြီးသော အခြေအနေတစ်ခုသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ထိုသို့သော ပြင်းထန်သည့် သဘာဝစွမ်းအင်များဖြင့်ဆိုပါက အခြားသူများမှာ အဆင့်ချိုးဖျက် တက်ရောက်ရန် အသာထား၍ ထိုသဘာဝစွမ်းအင်များကို သန့်စင်နိုင်စွမ်းပင် ရှိနေမည်မဟုတ်ပေ။

သို့သော် ယီယွမ်၏ ခန္ဓာကိုယ်အတွင်းနှင့် ခန္ဓာကိုယ်အပြင်ဘက်ရှိ သဘာဝစွမ်းအင် စီးဆင်းမှုက အလွန်ကြီးမားသော ဆက်သွယ်ချက်တစ်ခုအဖြစ် ထုတ်လွှင့်ပေးနေခဲ့ပေ၏။

ပြင်းထန်သိပ်သည်းသော သဘာဝစွမ်းအင်က ယီယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ထိုသဘာဝစွမ်းအင်များက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် သိမ်မွေ့သွားခဲ့သည်။

ယန်ကိုးမျိုးဝိညာဉ်ဘရစ်စတယ် ဒီဗိုင်းပညာရပ်၏ ရှေ့မှောက်တွင် ဤသဘာဝစွမ်းအင်အဆင့်က စကားထဲထည့်ပြောစရာပင် မလိုအပ်သော အရာတစ်ခုဖြစ်၏။

သို့ရာတွင် လက်ရှိအချိန်၌ သဘာဝစွမ်းအင်များက အလွန်အမင်း ပေါများနေခဲ့ပြီးဖြစ်သည်။ ယီယွမ်က သဘာဝစွမ်းအင်များကို မရပ်မနား သန့်စင်နေခဲ့ပြီး အဆင့်(7) စိတ်ဝိညာဉ် ဖွဲ့စည်းဖြင်းနယ်ပယ်၏ အလွန်အရေးကြီးသော အခြေအနေတစ်ခုသို့ မကြာမီပင် ရောက်ရှိသွားခဲ့၏။

“အဆင့်ချိုးဖျက် တက်ရောက်တော့မယ်… နည်းနည်းလေးပဲ လိုအပ်တော့တယ်… ယီယွမ်က ဘာမှဖြစ်မသွားဖို့ ငါမျှော်လင့်ပါတယ်…..”

“အခုမှ ဘာလို့ တစ်စုံတစ်ရာက ဖြစ်သွားရမှာလဲ… အဆင့်ချိုးဖျက် တက်ရောက်ဖို့က အန္တရာယ်အကြီးမားဆုံး ကိစ္စတစ်ခုပဲလေ… တံခါးဝကို ချိုးဖျက်တက်ရောက်ဖို့ဆိုတာ သဘာဝစွမ်းအင် အမြောက်အမြား လိုအပ်ပြီးတော့ ရေတံခါးဝကို ကျော်ဖြတ်လာခဲ့တဲ့ ရေလွှမ်းမိုးမှု ပုံစံမျိုးနဲ့ အတူတူပဲ… ဒါပေမဲ့ ရေတံခါးကို တစ်ခါဖွင့်လိုက်တာနဲ့ အဲဒါကို ပြန်ပိတ်ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူတော့ဘူး…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now