Chapter 244

1.5K 177 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၀ )

Chapter-8

ကန်ဟွာဓားကို မြင်လိုက်ရချိန်တွင် ရှောင်ကျင့်၏ မျက်လုံးများက ပူဆွေးမှုများ ပေါ်လာခဲ့ပြီး ယီယွမ်၏ လက်မှ ကန်ဟွာဓားကို တုန်ယင်နေသော လက်ဖြင့် ယူဆောင်လိုက်သည်။

သူက ဓားပြားကို ကြင်နာစွာ ပွတ်သပ်လိုက်ပြီး သူ၏မျက်လုံးများက စိုစွတ်လာခဲ့ပေ၏။

ယီယွမ်နှင့် မိုယုထန်က တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး ရှောင်ကျင့်က လုယန်ကို တမ်းတနေခြင်းအား ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့သည်။

"ကန်ဟွာ... ငါတို့ခွဲခွာခဲ့ရတာ နှစ်ပေါင်း တစ်ရာကျော် ကြာခဲ့ပြီနော်....." ရှောင်ကျင့်က ခံစားချက်အပြည့်ဖြင့် ပြောဆိုလိုက်၏။

လက်ရှိအချိန်တွင် ရှောင်ကျင့်က လုယန်ကို သတိရ တမ်းတနေခြင်းမှ ပြန်လည်သတိဝင်လာခဲ့ပြီး သိုင်းပညာခန်းမ၏ ခန်းမခေါင်းဆောင်အဖြစ် ဓားစိတ်ဆန္ဒများ ပြည့်နှက်နေသော အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူက ကန်ဟွာဓားကို ယီယွမ်ဆီသို့ ပြန်လည်ပေးအပ်၍ ခံစားချက်အပြည့်ဖြင့် ပြောဆိုလိုက်၏။ "ကြည့်ရတာ ကန်ဟွာဓားက မင်းကိုဆရာအဖြစ် သတ်မှတ်ထားခဲ့ပြီထင်တယ်... ကန်ဟွာဓားက ဆရာ့နောက်ကို နှစ်ပေါင်းနှစ်ရာ လိုက်ပါခဲ့ပြီး ဆရာနဲ့ တစ်သားတည်းဖြစ်နေခဲ့ပြီ... ဒါပေမဲ့ သူကမင်းကို ဆရာအဖြစ် ခပ်မြန်မြန်ပဲ သတ်မှတ်ခဲ့ပြီ... မင်းကသူနဲ့ သင့်တော်မှုရှိတာကို သူကမြင်နိုင်ခဲ့တယ်နဲ့တူတယ်....."

ထိုစကားများကိုကြားသော် ယီယွမ်က အတော်ကလေး အထင်သေးနေခဲ့ပြီဖြစ်သည်။

ကန့်သတ်ချက် ရှစ်ခု ဝိညာဉ်မှော်ရတနာတစ်ခုမျှသာ ဖြစ်သော ကန်ဟွာဓားကို သူ၏လက်အောက်ခံအဖြစ် သိမ်းသွမ်းရခြင်းမှာ ယီယွမ်အတွက် ခွန်အားစိုက်ထုတ်စရာပင် မလိုခဲ့ပေ။

ထို့ပြင် ယီယွမ်က ကောင်းကင်ဘုံကိုးခု လျှောက်လမ်းတွင် မိုးပြာရောင်ငှက်ယန်ဓားသိုင်း၏ ဓားစိတ်ဆန္ဒကို ပေါင်းစည်းခဲ၏။ ထိုအချက်ကြောင့်ပင် ကန်ဟွာဓားကို ဆွဲဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ဆရာအဖြစ် အသိအမှတ်ပြုခြင်းကား ထူးဆန်းသောအရာတစ်ခု မဟုတ်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now