Chapter 318

1.4K 166 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၅ )

Chapter-13

ထိုအော်သံ၏ အချိန်ကိုက် ရောက်ရှိလာမှုက အပြည့်အဝပင်ဖြစ်ပြီး ငြိမ်သက်တိမ်တိုက်အဖွဲ့ကို လွတ်မြောက်သွားစေနိုင်သည့် နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားစေခဲ့သည်။

အမှန်တကယ်တွင် လူတိုင်းက သူ့အခြေအနေနှင့်သူ ရှိနေကြပေ၏။ လင်းချောင်က ငြိမ်သက်တိမ်တိုက်အဖွဲ့ကို အန္တရာယ်တွင်းသို့ ဆွဲချသည်မှာ မှားယွင်းခြင်းမရှိပေ။ သို့သော် မိန်ကျန်းကို သတိပေးခဲ့သော သူ၏စကားက အလွန်အမင်း အပေါ်ယံဆန်နေခဲ့၏။

သူတို့က လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့သည်မှာ အချိန်အတော်ကြာသွားပြီ ဖြစ်သည်။ အဖွဲ့တိုင်း ရင်ဆိုင်ခဲ့ရသော အန္တရာယ်များက ရေတွက်ရန် မဖြစ်နိုင်သည်အထိ အလွန်များပြားလှပေ၏။

အကယ်၍ ယီယွမ်၏ ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုပါက အဖွဲ့တစ်ခုစီတိုင်း၏ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် အကြီးအကဲ အားလုံးက သေဆုံးသွားခဲ့ပုံရပေသည်။

အလွန်ဆုံးအနေဖြင့် ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့နှင့် ငြိမ်သက်တိမ်တိုက်အဖွဲ့တို့ နှစ်ဖွဲ့ကသာ အင်အားအပြည့် ကျန်နေခဲ့ခြင်း ဖြစ်ပေမည်။

အကယ်၍ ထိုအရာကသာ အသက်ရှင်သန်လို၍ အနည်းငယ် ကြံစည်ခဲ့ခြင်းဆိုပါက ပြဿနာလုံးဝမရှိပေ။ သို့သော် ယီယွမ်စိုးရိမ်သည်က ဤလင်းချောင်တွင် ရက်စက်ကြမ်းကြုတ်သော ရည်ရွယ်ချက်များ ရှိနေမည်ကိုသာ ဖြစ်၏။

ဒီမွန်းသားရဲများနှင့် ယှဉ်လိုက်ပါက လူသားများမှာ အမှားအယွင်းမရှိ ပို၍
ကြောက်စရာကောင်းသည်။

ခရမ်းနုရောင်စံအိမ်အဖွဲ့က တောင်ပိုင်းကုန်းမြေတွင် ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့၏နောက် ဒုတိယနေရာတွင် ရှိနေသော အဖွဲ့ဖြစ်ပေသည်။ သို့သော် သူတို့က ဤတစ်ကြိမ်တွင် ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် အကြီးအကဲ
တစ်ယောက်ကိုသာ စေလွှတ်ခဲ့၏။ ထိုအရာက အနည်းနှင့်အများပင် အလွန်ထူးခြားနေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now