ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၈ )
Chapter-220
“ဒုတိယညီလေး…..”
စူးယူလင်က စူးယူဘိုင်၏ ဆိုးရွားလှသောအခြေအနေကို မြင်သော် ဒေါသပေါက်ကွဲသွားခဲ့သည်။
“ယီယွမ်… တကယ်လို့ငါ စူးယူလင်က မင်းကိုမသတ်နိုင်ခဲ့ဘူးဆိုရင် ငါကလူမဟုတ်တော့ဘူး…..”
စူးယူလင်က ထိန်းမနိုင်သိမ်းမရအောင်ပင် ဒေါသထွက်လာခဲ့ပေ၏။
စူးမိသားစုတွင် သူနှင့်အရင်းနှီးဆုံးပုဂ္ဂိုလ်သုံးဦးက ယီယွမ်ကြောင့် သေဆုံးသွားခဲ့ရ၏။ စူးယူလင်၏ ရင်ဘတ်ထဲမှ သတ်ဖြတ်လိုစိတ်က ကောင်းကင်အထိ ပျံ့လွင့်လုနီးပါးဖြစ်လာခဲ့ပေသည်။
“ယီယွမ်… သေစမ်း… သိမ်မွေ့ငြိမ်သက်သောရေခဲလက်ဝါး…..”
အဆင့်(2)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှုက ခန်းမကျယ်ကြီး၏ အပူချိန်ကို ရုတ်တရက်ကြီး ကျဆင်းသွားစေခဲ့၏။
ယီယွမ်က အကန့်အသတ်မဲ့ အေးစက်နေသော တိုက်ခိုက်မှုတစ်ခုဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ်အေးခဲလာခဲ့သည်။
ယီဟန်၏မျက်နှာက ပျက်ယွင်းသွားခဲ့ပြီး ပြင်းထန်သောမီးတောက်အသွင်ပြောင်းလဲခြင်းနဂါး ပညာရပ်ကိုချက်ချင်းထုတ်ဖော်လိုက်ပေ၏။
သို့သော် ယောင်ချမ်၏ လက်များက အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး အဆုံးအစမဲ့သော သဘာဝစွမ်းအင် အလုံးများက သူ၏လက်ဝါးထဲ၌ စုစည်းလာခဲ့သည်။
ဝုန်းးးးး…..
မီးနဂါးကြီးက သဘာဝစွမ်းအင်အလုံးများနှင့် လေထဲတွင် တိုက်မိသွားခဲ့သည်။ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုကြောင့် ယီဟန်ကလွင့်စင်လာခဲ့ပြီး နံရံကို ပြင်းထန်စွာတိုက်မိသွားခဲ့၏။
ဤအရာက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်နှင့် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်တို့အကြားရှိ စစ်မှန်သောကွာခြားမှုတစ်ခုပင်ဖြစ်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...