Chapter 347

1.3K 142 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၇ )

Unicode

Chapter-14

လန်ပေက သူ၏နောက်လိုက်များကို ခေါ်ဆောင်ပြီး အမဲလိုက်ပွဲကြီးတစ်ခုကို ကျင်းပခဲ့ပေသည်။ သို့သော် နေ့တစ်ဝက်ခန့် ကုန်ဆုံးသွားသည့်တိုင် မည်သည့်အရာကိုမှ မတွေ့ခဲ့ပေ။

ဘုန်း…..

ဒေါသထွက်နေသော လန်ပေက နံရံပေါ်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။ နံရံက မည်သည့်အရာမှ ဖြစ်မသွားခဲ့သော်လည်း သူ၏လက်ကသာ တုန်ယင်သွားခဲ့သည်။

ထာဝရခမ်းနားခြင်းနန်းတော် တစ်ခုလုံးကို ဝင်္ကပါများဖြင့် အားဖြည့်ထားခဲ့၏။ ထိုအရာက နှိုင်းယှဉ်၍မရလောက်အောင် ကြံ့ခိုင်လှပေသည်။ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်တစ်ယောက်က လက်ဝါးတစ်ချက်ဖြင့် မည်သည့်အတွက် ဖျက်ဆီးနိုင်မည်နည်း။

လန်ပေက သူ၏နောက်လိုက်များ ရှေ့မှောက်တွင် အရှက်ကွဲလိုခြင်း မရှိပေ။ သူကနာကျင်မှုကို ကြိတ်မှိတ်နေခဲ့ပြီး ဒေါသတကြီးပြောလိုက်၏။ "အဲဒီအမှိုက်ကောင်က ဘယ်ကမ္ဘာများ သွားပုန်းနေတာလဲ… ဟမ်….."

စကားအဆုံးတွင် သူက လင်းချောင်ဘက်သို့ လှည့်ကြည့်ခဲ့သည်။

လင်းချောင်က ခါးခါးသီးသီး ပြုံးလိုက်၏။ ယီယွမ်က မည်သည့်နေရာသို့ သွားရောက်သည်ကို သူက မည်သို့ သိရှိနိုင်မည်နည်း။

ဒုတိယအလွှာက အလွန်ကြီးမားပေသည်။ ရှာဖွေနိုင်သော နေရာအားလုံးကို ရှာဖွေခဲ့ပြီးဖြစ်၏။ သူတို့က မြေအောက်သို့ပင် သုံးပေတူးဖော်ခဲ့ပြီး အရိပ်တစ်ခုကိုပင် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။

သူတို့က ဒုတိယအလွှာတွင် နောက်ထပ် ထွက်ပေါက်တစ်ခုကို ရှာမတွေ့ခဲ့ပေ။

ဒီကောင်လေးက အတောင်ပံပေါက်ပြီး ကောင်းကင်ပေါ်ကို ပျံပြေးသွားတာများ ဖြစ်နေမလား…..

လင်းချောင်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိပြီး ပြောခဲ့သည်။ "ဖြစ်နိုင်တာက… တတိယအလွှာကို သူကရောက်သွားတာလား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now