Chapter 384

1.2K 148 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၀ )

Chapter9

(လျစ်လျူရှုခြင်း)

ရှောင်ရူယန်က ယီယွမ်ကို သူမ၏လှပသောမျက်လုံးလေးများဖြင့် ကြည့်နေခဲ့ပြီး ယီယွမ်လိမ်လည်နေခြင်း ရှိမရှိကို သိချင်နေခဲ့သည်။

သို့သော် ယီယွမ်က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားမှုကို သူမကမည်သည့်အတွက် သတိပြုနိုင်မည်နည်း။

"ရှင်ကတကယ်ပဲ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးပေါ့….." ရှောင်ရူယန်က စိတ်သက်သာရာရဟန်ဖြင့်  သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချလိုက်သော်လည်း အတော်ကလေး မကျေမနပ်ဖြစ်နေခဲ့၏။

"တကယ်ကို မရည်ရွယ်ထားခဲ့ပါဘူး… မင်းရဲ့ကံတရားက ကောင်းမွန်နေခဲ့တာပဲ ဖြစ်မှာပါ….." ယီယွမ်က စိတ်ဆိုးသွားဟန်ဖြင့် ပြောလိုက်သည်။

"ရှင်….." ရှောင်ရူယန်က လဲကျလုနီးပါး ဖြစ်သွားခဲ့၏။

"ကောင်းပြီ… ကောင်းပြီ… ငါကမင်းကို ဆေးလုံးပေးမယ်… မင်းက ပြန်ကောင်းသွားပြီဆိုတော့ ငါအရင်ဆုံး ထွက်သွားလိုက်တော့မယ်… ငါတို့ကို အချင်းချင်း လေ့လာသင်ယူ
စေချင်သေးတာလား… ဒီအဆင့်လေးနဲ့လားကွာ… ဆေးလုံးတစ်လုံးကို ဖော်စပ်လိုက်တာနဲ့တင် အဆုံးသတ်မှာ မင်းကိုယ်မင်း အသေသတ်လုနီးပါး ဖြစ်သွားခဲ့တယ်….."

ယီယွမ်က ထိုသို့ပြောပြီးနောက် ပင်လယ်လေးခု အဆောက်အဦးမှ ထွက်ခွာလာခဲ့ရာ သူ၏နောက်မှ လူကို
သေစေနိုင်လောက်သော အကြည့်ကို မမြင်ခဲ့ရတော့ပေ။

ယီယွမ်က ထိုကိစ္စကို ပုံမှန်အားဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤနေရာက အဆုံးမဲ့ကမ္ဘာကြီး မဟုတ်ပေ။ သူက လူအများ သိသာစေရန် အလွန်အမင်း လုပ်ဆောင်လိုခြင်းမရှိပေ။

အကယ်၍ ယီယွမ်ကသာ ဆန္ဒရှိမည်ဆိုလျှင် သူကအဆင့်မြင့်အဆင့် ကျယ်ပြန့်သောဥမြစ် စွမ်းအင်လှုံ့ဆော်ခြင်း ဆေးလုံးကို ဖော်စပ်နိုင်ပေ၏။ သို့သော် ရှောင်ရူဖုန်းနှင့်သူက ပတ်သက်မှုမရှိပေ။ ရှောင်ရူယန်ကို ဤအဆင့်အထိ ရောက်အောင် ကူညီပေးလိုက်ခြင်းက လူသားတစ်ယောက်
အနေဖြင့် ကူညီနိူင်သလောက် ကူညီပေးခဲ့ခြင်းဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now