Chapter 391

1.2K 149 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၁ )

Chapter-2

(ကြောက်စရာကောင်းသော ပြိုင်ဖက်တစ်ဦး)

ထုံဖန့်ရှောက သူ၏မျက်စိရှေ့မှ ဆေးလုံးနှစ်လုံးကိုကြည့်၍ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

"မိသားစုခေါင်းဆောင်ထုံ… ငါ,ယန်ရှို့က လက်လွတ်စပယ် ပြောတာ ဟုတ်လားမဟုတ်ဘူးလား ဆိုတာကို သိခွင့်ရမလား….." ယန်ရှို့က ငေါ့တော့တော့ လေသံဖြင့် ပြောဆိုလိုက်၏။

ထုံဖန့်ရှောက ကို့ရို့ကားယား ဖြစ်သွားသည့် အကြည့်ဖြင့် ကြည့်၍ ပြောခဲ့သည်။ "ဒီထုံကို သဘောထားသေးသိမ်တဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ရမှာပဲ… အကြီးအကဲယန်က ခွင့်လွှတ်ပေးလောက်တဲ့အထိ သဘောထားကြီးပေးမယ်လို့ မျှော်လင့်မိပါတယ်….."

"ဟမ့်….." ယန်ရှို့က အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး မည်သည့်စကားကိုမှ ထပ်မပြောခဲ့တော့ပေ။

အခြားတစ်ဖက်တွင် ရှောင်မိသားစု အဖွဲ့ဝင်များက စိတ်သက်သာရာ ရသွားခဲ့ပြီး သက်ပြင်းချလိုက်မိကြ၏။ ပထမပြိုင်ပွဲကို ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အမှန်တကယ် အနိုင်ရရှိခဲ့ပေသည်။

အရေးကြီးသော အဆုံးအဖြတ်အချိန်တွင် ယီယွမ်က ရှေ့ထွက်၍ အကြီးအကဲ ခုနှစ်ယောက်၏ အမှားကို ထုတ်ဖော်မပြောခဲ့လျှင် ယခုအချိန်၌ ရှောင်ရူယန်က ရှုံးနိမ့်သွားခဲ့ပြီး ဖြစ်ပေမည်။

ပြဿနာမှာ ရှောင်မိသားစုက ပထမပြိုင်ပွဲနှစ်ခုတွင် ရှုံးနိမ့်၍မရခြင်းပင် ဖြစ်၏။ သူတို့က ပြိုင်ပွဲတစ်ခုကို ရှုံးနိမ့်လိုက်သည်နှင့် ဤမဟာဆေးလုံး အစည်းအဝေးကို ဆက်လက်ကျင်းပရန် မလိုအပ်တော့ပေ။

"အကောင်းဆုံး လုပ်ဆောင်ခဲ့တာပဲ… ရူယန်….."

"ရူယန်… မင်းကတကယ်ပဲ ငါတို့ရှောင်မိသားစုရဲ့ သမီးရတနာလေးပါ….."

. . . . . .

အချိန်အနည်းငယ်အတွင်း ရှောင်မိသားစု၏ အဖွဲ့ဝင်များ၏ ချီးကျူးသံများက ရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now