Chapter 362

1.3K 149 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်းယ

စာစဉ်(29)

Chapter-1

(*ရည်မှန်းချက်* ဗဟိုမြို့တော်)

လန်ပေ၏သေဆုံးမှုကြောင့် ယီယွမ်၏ မွန်းကြပ်နေသော စိတ်က ချက်ချင်းပင် သက်သာရာရသွားခဲ့သည်။

သို့သော် သူ၏ခြေထောက်များက ပျော့ခွေနေသည်ကိုသာ မြင်တွေ့နိုင်ပေ၏။ မတ်တတ်ရပ်နေခြင်းကိုပင် အင်အားအလွန် စိုက်ထုတ်နေခဲ့ရသည်။

သူ၏အကန့်အသတ်ကို ရက်အနည်းငယ်ကြာ ထိန်းသိမ်းခဲ့ရ၍ ယီယွမ်၏ခန္ဓာကိုယ်နှင့် စိတ်က အလွန်အမင်း ဒဏ်ပိနေခဲ့ပြီဖြစ်၏။ ဤအချိန်တွင် သူကနောက်ထပ် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။

လန်ဖုန်း၏ခန္ဓာကိုယ်က ရုတ်တရက်

ထွက်ပေါ်လာခဲ့သည်။ သူက ယီယွမ်၏အခြေအနေကို မြင်လိုက်သောအချိန်တွင် အံ့ဩသွားခဲ့ပြီး အလျင်အမြန် တွဲထူပေးလိုက်၏။

ကျေးကျွန်တံဆိပ်တော် ထည့်သွင်းထားပြီးကတည်းက လန်ဖုန်း၏စကားများနှင့် အပြုအမူများက ယီယွမ်ကို အမှီပြု၍ ဖြစ်လာခဲ့ပြီး သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် မပါတော့ပေ။

ယီယွမ်၏ ဒဏ်ရာများ

ပြည့်နှက်နေသည့် အခြေအနေကိုမြင်သော် လန်ဖုန်း၏စိတ်ထဲ၌ စိတ်ပူသွားခဲ့သည်။

"အဆင်ပြေရဲ့လား သခင်….."

ယီယွမ်က သူ၏ခေါင်းကိုခါယမ်း၍ အားနည်းစွာဖြင့် ပြောကြားလိုက်၏။ "ငါ့ကိုအပြင်ခေါ်ထုတ်ပေး….."

လန်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ယီယွမ်ကို ကုန်းပိုး၍ စတုတ္ထမုန်တိုင်းနယ်မြေဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

. . . . . .

နှစ်ရက်ကြာပြီးနောက် စတုတ္ထမုန်တိုင်းနယ်မြေရှိ နေရာတစ်ခုတွင် သဘာဝစွမ်းအင်

လေပွေတစ်ခုက ကောင်းကင်သို့ ထိုးတက်နေခဲ့ပြီး အေးစက်သော

လေပြင်းမုန်တိုင်းများနှင့် သီးခြားစီဖြစ်နေခဲ့၏။

တစ်နာရီခန့်ကြာပြီးချိန်တွင် သဘာဝစွမ်းအင်လေပွေက ပျောက်ကွယ်သွားခဲ့ပြီး အဖြူရောင်ဝတ်စုံနှင့်

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now