ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၂၆ )
Unicode
Chapter-13
မည်သည့် ဝင်္ကပါကိုမဆို ဝင်္ကပါကိုနားလည်ခြင်းနှင့် ဝင်္ကပါကို ချိုးဖျက်ခြင်းတို့က လုံးဝပင် ကွဲပြားသော သဘောတရားများ ဖြစ်ကြသည်။ ခက်ခဲမှုအဆင့်ကိုလည်း တူညီသောရှုထောင့်မှ တိုင်းတာ၍မရနိုင်ပေ။
ချိုးဖျက်ခြင်းက "မည်သို့"ဟူသည်ကို သိရှိခြင်းဖြစ်ပြီး နားလည်ခြင်းက "မည်သို့"နှင့် "ဘာကြောင့်" ဆိုသည်ကို သိရှိခြင်းဖြစ်၏။
လူသားများက မိုးရွာသည်ကို မိုးရွာကျလာသည်နှင့် သိရှိခြင်းမျိုးဖြစ်သည်။ သို့သော် မိုးရွာသည့်
အကြောင်းပြချက်ကို သိရှိလိုပါက အချိန်အများကြီး ကုန်ဆုံးမှသာ နားလည်နိုင်ပေ၏။ (အခုခေတ်လို ပညာတွေ မထွန်းကားသေးလို့ မိုးရွာတဲ့အကြောင်းရင်းကို သိချင်ရင် အချိန်တွေအများကြီးပေးပြီး လေ့လာရတယ်ဆိုတာကို ပြောတာပါ*စကားချပ်*)သိရမည့်အချက်မှာ လူလင်ဖုန်း၏ ဝင်္ကပါပညာများက နှိုင်းယှဉ်၍မရအောင် ခက်ခဲနက်နဲလှသည်။
အကယ်၍ ထိုဝင်္ကပါမှာ သူက လွန်ခဲ့သော နှစ်ထောင်ပေါင်းအနည်းငယ် အချိန်ကာလ၌ ခင်းကျင်းထားခဲ့သည့်တိုင် ဝင်္ကပါကို နားလည်လိုခြင်းက အလွန်ခက်ခဲပေ၏။
ယီယွမ်က ရေကဲ့သို့တည်ငြိမ်သော နှလုံးသားအဆင့်ကို သူ၏စိတ်ဝိညာဉ်ခွန်အား လုံးဝကုန်ဆုံးသွားသည်အထိ အသုံးပြုခဲ့သော်လည်း သူက ကြိုးဦးခေါင်းပိုင်းကို ရှာမတွေ့ခဲ့သေးပေ။
"ဘယ်နေရာမှာလဲ….. အဲဒီငရဲက ဘယ်နေရာမှာလဲ….."
ယီယွမ်က ရူးသွပ်လုနီးပါး ဖြစ်နေခဲ့ပြီး စူးစူးဝါးဝါး အော်ဟစ်နေခဲ့သည်။
သူ၏ စိတ်ဝိညာဉ်ခွန်အားက မြန်ဆန်စွာ ကုန်ဆုံးလာသည်နှင့် ယီယွမ်၏ သတိတရားကလည်း မှုန်ဝါးသည်ထက် မှုန်ဝါးလာခဲ့၏။ သူ၏ရှောင်တိမ်းမှုအားလုံးက ယခုအချိန်၌ သူ့ခန္ဓာကိုယ်၏ အာရုံခံစားမှုမှတစ်ဆင့် လှုပ်ရှားမှုများတွင်သာ လုံးဝမှီခိုနေခဲ့ပြီ ဖြစ်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...