Chapter 320

1.4K 169 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(26)

Chapter-1

ယီယွမ်က အပေါ်ယံတွင် အလွန်တည်ငြိမ်နေခဲ့ပြီး သူ၏အပြုအမူများက အကြီးအကျယ် ပြောင်းလဲမှုရှိနေခဲ့သည်နှင့် မတူပေ။

သို့သော် သူနှင့်ရင်းနှီးသူများက လျူအာဒဏ်ရာရခဲ့သည့် ထိုအချိန်တုန်းကလို ယခုအချိန်၌ ယီယွမ်၏ဒေါသက ကြီးမားသည်ထက် ကြီးမားလာခဲ့သည်ကို သိရှိကြပေသည်။

ဤလျှို့ဝှက်နယ်မြေကို ဝင်ရောက်ခြင်းမပြုမီက ယီယွမ်နှင့် ဖန်းဝမ်နန်တို့က ရင်းနှီးခြင်းမရှိကြပေ။ သို့သော် ဤလဝက်ခန့်အချိန်အတွင်း လူတိုင်းက တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ကူညီပေးခဲ့ကြပြီး အလွန်ရင်းနှီးသွားခဲ့ကြ၏။

ဖန်းဝမ်နန်က ကိစ္စများကို စိတ်မြန်လက်မြန် လုပ်ဆောင်တတ်သော်လည်း သူကမောက်မာဝံ့ကြွားခြင်း မရှိဘဲ လူတိုင်းနှင့် အဆင်ပြေအောင် ဆက်ဆံနိုင်ပေသည်။

ခရီးတစ်ခုလုံး ယီယွမ်က သူ့ကိုယ်သူ ထုတ်ဖော်ခဲ့သည့် ရည်ရွယ်ချက်မှာ လူတိုင်းကို အဖွဲ့သို့ ပြန်လည်ခေါ်ယူသွားနိုင်ရန် ဖြစ်၏။ သို့သော် ဤသို့သော မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာမည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။

သူက ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး အနားယူနေသော စီနီယာအစ်ကိုဒူဆီသို့ ပစ်ပေး၍ ဝံပုလွေအုပ်ကြီးနှင့် တိုက်ခိုက်နေရင်း ပြောလိုက်သည်။ "စီနီယာအစ်ကိုဖန်းကို မြန်မြန်တိုက်လိုက်....."

စီနီယာအစ်ကိုဒူ၏ အမည်မှာ ဒူချန်ဖြစ်ပြီး ဖန်းဝမ်နန်ကဲ့သို့ လက်ရွေးစင်တပည့်တစ်ဦး ဖြစ်ပေ၏။

သူတို့နှစ်ဦးစလုံးက အဆင့်(3) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သို့ ရောက်ရှိနေကြသော်လည်း အစစ်အမှန်တိုက်ခိုက်မှု စွမ်းရည်အရာတွင် သူတို့နှစ်ယောက်က အောက်ဆုံးတွင် ရှိနေကြသည်။

အဆင့်(1) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ဖြစ်သော ထျန်းယွီ၏ တိုက်ခိုက်မှုစွမ်းရည်ကပင် သူတို့ထက် အများကြီး ပိုမိုအစွမ်းထက်နေခဲ့ပေ၏။ ထို့ကြောင့် ပထမဆုံး နောက်ဆုတ်ခဲ့ရသူများမှာ သူတို့ဖြစ်နေရခြင်း ဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now