ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၃၀ )
Chapter5
(ရှောင်ချန်ဖုန်း)
"အာ… ဒီကျားဖြူငယ်လေးက ဘယ်ကနေ ရောက်လာတာလဲ… ဘယ်လောက်တောင် ချစ်စရာကောင်းနေတာလဲ… လာပါဦး... အစ်မကြီးကို နမ်းခွင့်ပေးပါနော်….."
"ဟီးဟီး… ကြည့်စမ်းပါဦး… သူကစိတ်ဆိုးနေတာပဲ… သူ့ရဲ့ ဒေါသထွက်နေတဲ့ အမူအရာလေးကိုက တော်တော်ချစ်စရာ ကောင်းနေတယ်….."
"ဟီးဟီး...ဆရာ ဒါက ဆရာ့ရဲ့ ကျားဖြူငယ်လေးလား… ရှင်က သူ့ကို ကျွန်မဆီ နှစ်ရက်လောက် ငှါးပေးနိုင်မလား….."
ယမန်နေ့ကစ၍ အလင်းဖြူက ရှောင်ဂေဟာတွင် လှပသောသဘာဝဖျော်ဖြေမှု တစ်ခုကဲ့သို့ ဖြစ်လာခဲ့ပေသည်။ ယီယွမ်က မည်သည့်နေရာကို သွားနေပါစေ အလင်းဖြူက လူတိုင်း၏ အာရုံစိုက်ရာ တစ်ခုဖြစ်နေခဲ့၏။
အထူးသဖြင့် ငယ်ရွယ်သော မိန်းမပျိုလေးများနှင့် အစေခံမလေးများက အလင်းဖြူကို မြင်လိုက်သောအချိန်တွင် လူတိုင်းက သူတို့လုပ်ဆောင်နေသော အလုပ်များကို ရပ်တန့်လိုက်ကြပြီး သူ့ကို လာရောက်စနောက်ခဲ့ကြသည်။
သို့သော် အလင်းဖြူက အခြားသူများ၏ ချစ်ခင်တွယ်တာခြင်း ခံရမှုကို ကြိုက်နှစ်သက်ခြင်း မရှိပေ။ အခြားသူများ သူ့ဆီသို့ လာရောက်သည့်အခါတိုင်း သူကထိုသူများနှင့် ဝေးသောနေရာကို သွားရောက်ပြီး သူ၏အစွယ်များကို ထုတ်၍ မာန်ဖီပြခဲ့၏။
သို့ရာတွင် သူက ထိုသို့လုပ်ဆောင်လာလေ ထိုမိန်းမပျိုလေးများနှင့် အစေခံမလေးများက သူ့အား ပို၍ချစ်ခင်လာခဲ့ကြသည်။
ယီယွမ်က မည်သည့်အရာမှ မလုပ်ဆောင်လိုသည့် ပုံစံမျိုးဖြင့် ပတ်ဝန်းကျင်အခြေအနေကို အံ့အားသင့်နေခြင်း မရှိခဲ့ပေ။ သူက ကျေးကျွန်နှစ်ဦးနှင့် ပတ်သက်သည့် ကိစ္စများကို စုံစမ်းရန် အခွင့်အရေးတစ်ခု ရှာဖွေနေခြင်းဖြစ်၏။ သို့သော် သူက ဤသို့သော ကိစ္စမျိုးကို လုပ်ဆောင်ရာတွင် သိသာထင်ရှားစေလိုခြင်း မရှိပေ။ သံသယဝင်ခံရခြင်းမှ ကာကွယ်ရန်အတွက် အလင်းဖြူက အကောင်းဆုံး အကာအကွယ်ဖြစ်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...