Chapter 358

1.3K 144 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ် ( ၂၈ )

Chapter-11

လန်ပေက အနီးကပ်တိုက်ပွဲ အားပြုသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သော်လည်း သူ၏လက်သီးချက်က နေရာအကွာအဝေးတစ်ခုမှ တိုက်ခိုက်နိုင်ပေသည်။

ယီယွမ်က သူ၏တိုက်ခိုက်နိုင်သော အကွာအဝေးအတွင်း ရောက်ရှိနေခဲ့လျှင် လန်ပေက သူ့ကိုလိုက်မီသည်အထိ စောင့်နေစရာမလိုအပ်ဘဲ တိုက်ခိုက်နိုင်ပေ၏။

သို့သော် ယခုယီယွမ်က သူ၏တိုက်ခိုက်နိုင်သော အကွာအဝေးအတွင်း ဝင်ရောက်လုနီးပါးအချိန်တွင် ယီယွမ်က သူ၏အမြန်နှုန်းကို တိုးမြှင့်သွားခဲ့သည်။

ဤအရာက လန်ပေအား သွေးအန်လုနီးပါး ဖြစ်သွားသည်အထိ စိတ်ဓာတ်ကျသွားပေ၏။

"ဒီကောင်လေးမှာ ထုတ်မပြသေးတဲ့ ဝှက်ဖဲတွေ ဘယ်လောက်များ ရှိနေသေးတာလဲ… အဆင့်(1) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်တစ်ယောက်မှာ ဘာလို့များ ဒီလောက်အထိ လျင်မြန်တဲ့ အမြန်နှုန်းရှိနေရတာလဲ….." လန်ပေက ထိုကိစ္စမှာ နားလည်နိုင်သော အတိုင်းအတာထက် ကျော်လွန်သွားခဲ့ပြီဟု ခံစားနေခဲ့ရသည်။

သို့သော် ဤအရာက အချက်တစ်ချက်သာ ဖြစ်ပေ၏။ အကယ်၍ သူနားမလည်ခဲ့သည့်တိုင် သူ့တွင်ရွေးချယ်စရာ မရှိခဲ့ပေ။

မှော်ဆေးပညာရှင်အင်ပါယာ တစ်ဦးဖြစ်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ဆုံတွေ့နေခဲ့ရ၍ လန်ပေက အခြေအနေကို နားမလည်နိူင် ဖြစ်နေခြင်းမှာ မျှော်လင့်ထားသည့် အခြေအနေတစ်ခုသာ ဖြစ်ပေသည်။

ဤလျှို့ဝှက်နယ်မြေအတွင်း မဝင်ရောက်မီ ယီယွမ်က ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်လာခဲ့၏။

အဖွဲ့မှထွက်လာခြင်းမပြုမီ သူက အမှတ်ပေါင်း ၅သိန်းကို အသုံးပြုပြီး အဆင့်(3) ဆေးလုံးများဖော်စပ်ရန် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းအားလုံးကို လဲလှယ်ရယူခဲ့သည်။

သုံးရက်ကြာ နေ့မနားညမနား ပြေးလွှားနေခဲ့ခြင်းဖြစ်စဉ်၌ ယီယွမ်က ဝိညာဉ်ဟင်းလင်းပြင် ပျက်စီးခြင်းနယ်မြေကို ဖော်ထုတ်ရန်အတွက် သူ၏သဘာဝစွမ်းအင်များကို တစ်ချိန်လုံး လောင်ကျွမ်းနေစေခဲ့ရ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now