Chapter 258

1.5K 176 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၁ )

Chapter-8

ဤကိစ္စက နောက်ထပ်တစ်ကြိမ် မျှော်လင့်မထားသော ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။

လူအများက
မျှော်လင့်မထားခဲ့သော်လည်း ယီယွမ်က မဟာအကြီးအကဲ၏ ရာထူးခန့်အပ်ပေးမှုကို အမှတ်တကယ် ပယ်ချခဲ့ပေ၏။

ဤကိစ္စက မမျှော်လင့်ထားခဲ့သော လူအများ၏ စိတ်ကို တစ်ချက်ပြီးတစ်ချက် ရိုက်ခတ်သွားခဲ့ပြီး အကြီးအကဲများကို အချိန်အတော်ကြာအောင် မည်သို့လုပ်ရမည်မှန်းမသိ ဖြစ်သွားစေခဲ့သည်။

“ယီယွမ်… မင်းကဒီကောင်တွေကို မထိန်းချုပ်နိုင်မှာ စိုးရိမ်လို့လား… မစိုးရိမ်နဲ့… မင်းရဲ့နောက်မှာ ငါတစ်ယောက်လုံး ရှိနေတဲ့အတွက် သူတို့တွေထဲက တစ်ယောက်မှ မင်းရဲ့အမိန့်တွေကို မလိုက်နာဘဲ မနေရဲပါဘူး…..”

ယီယွမ်က သူ့စကားကို လက်မခံဘဲနေမည်ဟု ကောင်းကင်မေပယ်က တွေးတောထားခြင်း မရှိခဲ့ပေ။ သို့သော် မကြာမီအချိန်အတွင်း ယီယွမ်က မည်သည့်အရာကို စိုးရိမ်နေခြင်းအား နားလည်သွားခဲ့၏။

ယီယွမ်က ပြောဆိုလိုက်သည်။ “အဲဒီအကြောင်းပြချက်ကြောင့် မဟုတ်ပါဘူး… ဒီတပည့်လေးက မဟာအကြီးအကဲရဲ့ ကြီးမားတဲ့ ကြင်နာမှုတရားကို ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့ ဒီလက်ထောက်
ခန်းမခေါင်းဆောင် ရာထူးကို တပည့်လေးက တကယ်ကိုပဲ လက်မခံနိုင်ပါဘူး…..”

ကောင်းကင်မေပယ်က အံ့အားသင့်စွာဖြင့် မေးမြန်းခဲ့၏။ “အဲဒါဆိုရင် ဘာကြောင့်လဲ…..”

“ဒီတပည့်လေးက အဖွဲ့ကိုဝင်ရောက်လာတာ သိုင်းပညာလမ်းကြောင်းကို လျှောက်လှမ်းဖို့ပါ… အဲဒါကြောင့်ပဲ ကျွန်တော်က သိုင်းပညာခန်းမကို ဝင်ရောက်ခဲ့တာပါ… ဒီတပည့်လေးရဲ့ ခွန်အားက မဖြစ်စလောက်လေး ရှိပါသေးတယ်… သိုင်းပညာခန်းမမှာ စီနီယာတွေနဲ့အတူ ယှဉ်ပြိုင်ကြည့်ဖို့ ကျွန်တော်က ရည်ရွယ်ထားတာပါ… ကျွန်တော်က ဒီဆေးလုံးခန်းမရဲ့ လက်ထောက်ခန်းမခေါင်းဆောင် ရာထူးကို လက်ခံလိုက်ပြီဆိုရင် သိုင်းပညာလမ်းကြောင်းနဲ့ ပတ်သက်ပြီး အခြားစီနီယာတွေနဲ့ ယှဉ်ပြိုင်ကြည့်ဖို့ မသင့်တော်တော့ဘူး မဟုတ်လားခင်ဗျာ…..” ယီယွမ်က အံ့အားသင့်နေကြသော လူတိုင်းကို အကြောင်းပြချက်တစ်ခု ပေးလိုက်ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now