"ဟုတ်ကဲ့ပါ…  မိသားစုခေါင်းဆောင်….."

ထွက်ခွာသွားသော ထုံယုံရှော့၏ နောက်ကျောကိုကြည့်၍ ထုံဖန့်ရှောက အေးစက်စွာပြုံးပြီး ပြောခဲ့သည်။ "ရှောင်ချန်ဖုန်း… ဒီလိုမျိုး တိုက်ပွဲအတွက် စစ်သားတွေကို စနစ်တကျ စုစည်းအသုံးချတာနဲ့ ငါ့ကိုသတိလက်လွတ် တိုက်ခိုက်နိုင်လိမ့်မယ်လို့ မင်းထင်နေတာလား… ပြည့်ဝတဲ့စွမ်းအားရဲ့ ရှေ့မှောက်မှာ မင်းက ဟာသတစ်ခုပါပဲ….."

. . . . . .

ဒုတိယယှဉ်ပြိုင်ပွဲ…..

ယှဉ်ပြိုင်ပွဲအခြေအနေ ဖြစ်ပေါ်လာမှုက လူတိုင်း
မျှော်လင့်ထားသည်ထက် ပိုလျှံနေခဲ့၏။

ရှောင်ရူဖုန်းက ရှောင်မိသားစု၏ နံပါတ်တစ် ဂျီးနီးယပ်ဖြစ်သည်။ အကယ်၍ လက်ရှိအချိန်တွင် သူက သူ၏အထွတ်အထိပ် အခြေအနေ၌ ရှိမနေခဲ့သည့်တိုင် သူ၏စွမ်းအားနှင့် အတွေ့အကြုံများအရ ထုံယုံရှော့ကို အသာစီးရယူနိုင်သင့်ပေ၏။

သို့သော် ပြိုင်ပွဲစတင်ကတည်းက ထုံယုံရှော့က မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်နေခဲ့ပြီး လူတိုင်းကို သူတို့၏ ဖန်ခွက်များ လွတ်ကျသည်အထိ ဖြစ်သွားစေခဲ့သည်။

ပထမအဆင့်က ဆေးလုံးများ ဖွဲ့စည်းပုံကို ပြောဆိုရာတွင် ထုံယုံရှော့က စိတ်ဝိညာဉ်ဆေးပစ္စည်း (ဆေးဖက်ဝင်ပစ္စည်းကို ဆေးပစ္စည်းဟု ပြောင်းရေးပါမည်) အမျိုးအစားအားလုံးကို အမှန်တကယ်ပင် ခွဲခြားနိုင်ခဲ့ပြီး ဆေးလုံးဖွဲ့စည်းပုံ အကြောင်းတွင် သူက ရှောင်ရူဖုန်းထက် အဖြေသုံးခုပို၍ ရေးနိုင်ခဲ့ပေ၏။

လူတိုင်းက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

ရှောင်မိသားစု အဖွဲ့ဝင်များက လုံးဝပင် ထိတ်လန့်နေခဲ့ကြ၏။ ရှောင်ချန်ဖုန်းကိုယ်တိုင်ပင် လေးနက်သောအမူအရာ တစ်ခု ရှိနေခဲ့ပေသည်။

ထုံယုံရှော့၏ခွန်အားက လူတိုင်း မျှော်လင့်ထားသည်ထက် သာလွန်သွားခဲ့ပြီဖြစ်၏။

"မြင်းနက်ပဲ… ဒီဟာက တကယ်ပဲ မြင်းနက်ဖြစ်နေတာကိုး….."

(ပြိုင်ပွဲမှာ နာမည်ကျော်ကြားခြင်းမရှိ၊ ထင်မှတ်ထားခြင်းမရှိဘဲ ရုတ်တရက် အစွမ်းပြလာတဲ့သူတွေကို မြင်းနက်လို့ သုံးကြပါတယ်)

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now