သို့သော် ရှောင်ရူယန်က အလွန်တည်ငြိမ်နေခဲ့၏။ ထိုမိသားစုအကြီးအကဲများကို သူမက ကောင်းမွန်သော အမြင်မရှိပေ။

"ဂျိချင်… ကျေးဇူးတင်ပါတယ်….." ရှောင်ရူယန်က ယီယွမ်၏ရှေ့သို့ ရောက်လာခဲ့ပြီး တည်ငြိမ်စွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

ယီယွမ်က စပ်ဖြဲဖြဲလုပ်၍ ပြောဆိုခဲ့၏။ "အဲဒီကိစ္စက ရူယန်မိန်းကလေး တော်လွန်းလို့ပါ… ကျွန်တော်နဲ့ ဘာများ ပတ်သက်နေလို့လဲ… ဟုတ်ပါပြီ… အရင်ဆုံး အနားယူလိုက်ပါ… နောက်တစ်ပွဲက စတင်တော့မယ်….."

ရှောင်ရူယန်က ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး သူမ၏ခုံသို့ ပြန်လည်ထိုင်နေလိုက်သည်။

ရှောင်မိသားစုမှ လူအများအပြား၏ မျက်နှာအမူအရာများက အရုပ်ဆိုးသွားခဲ့၏။ ရှောင်ရူယန်၏ လျစ်လျူရှုမှု ခံလိုက်ရသော ခံစားမှုက သူတို့ကို အလွန်အမင်း မကျမနပ် ဖြစ်သွားစေခဲ့သည်။

ထိုမကျေမနပ် ဖြစ်မှုကလည်း ယီယွမ်ဆီသို့ မြားဦးလှည့်သွားခဲ့၏။

ထိုအချိန်တွင် ယန်ရှို့က ပြောလိုက်သည်။ "ကောင်းပြီ… ဒုတိယတိုက်ပွဲက အခု စတင်တော့မယ်… ရှောင်မိသားစုရဲ့ ရှောင်ရူဖုန်းနဲ့ ထုံမိသားစုက ထုံယုံရှော့တို့ ယှဉ်ပြိုင်ကြရမယ်….."

ရှောင်ရူဖုန်းက မတ်တတ်ထရပ်ခဲ့ချိန်တွင် ရှောင်ချန်ဖုန်းက မှာကြားခဲ့၏။ "စိတ်အေးအေးထား… ဒီပြိုင်ပွဲကို အနိုင်ယူပြီးတော့ ထုံယုံချန်က စင်ပေါ် တက်ခွင့်ရမယ့် အခွင့်အရေးကို ဖျက်ဆီးလိုက်… ဒါဆိုရင် ငါတို့အနိုင်ရလိမ့်မယ်….."

ရှောင်ရူဖုန်းက ခေါင်းညိတ်လိုက်ပြီး စင်မြင့်ပေါ်သို့ ချက်ချင်း တက်ရောက်သွားခဲ့သည်။

အခြားတစ်ဖက်တွင် ထုံဖန့်ရှောကလည်း ထုံယုံရှော့ကို တားဆီး၍ အလေးအနက် တိုက်တွန်းလိုက်၏။ "ယုံရှော့… ရှောင်ရူဖုန်းကို သင်ခန်းစာတစ်ခု ကောင်းကောင်းရအောင် သင်ပေးပြီးတော့ မင်းရဲ့တိုးတက်မှု အဆင့်အတန်းက ဘယ်လောက်အထိ မြင့်မားလဲဆိုတာ လူတိုင်းမြင်တွေ့ရအောင် ပြပေးလိုက်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now