လူတစ်ယောက်

မဟုတ်ဘူးဆိုတာကို ကျွန်မယုံကြည်အောင် ဘယ်လိုသက်သေပြမလဲ….."

"ဒီဟာက… ငါ့မှာတကယ်ပဲ သက်သေပြစရာ နည်းလမ်းမရှိပါဘူး….." ယီယွမ်က ကူရာကယ်ရာမဲ့စွာဖြင့် ပြောဆိုခဲ့၏။

"အဲဒါဆိုရင် ဒီနေရာဆီကို ထုံမိသားစုက ရှင့်ကို လွှတ်လိုက်တာက ဖြစ်နိုင်တယ်ပေါ့….." ရှောင်ရူယန်က ယီယွမ်၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်ပြီး သူကလိမ်လည်နေခြင်း ရှိမရှိကို သိချင်နေခဲ့ပေသည်။

ယီယွမ်က တည်ငြိမ်သောအကြည့်နှင့် ပြုံး၍ပြောလိုက်၏။ "တကယ်လို့ ထုံမိသားစုက တစ်ခုခုလုပ်ချင်တယ်ဆိုရင် ကျွန်တော်လို ထူးချွန်သူတစ်ယောက်ကို စေလွှတ်လိုက်တဲ့အထိ မိုက်မဲကြလိမ့်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်… စောစောလေးက ခင်ဗျားတို့ စုဆောင်းလိုက်တဲ့ လူသစ်တွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့က ခင်ဗျားတို့ကို အနိုင်ယူဖို့ဆိုတာ သူတို့ရဲ့လက်ကို မှောက်လိုက်သလိုပဲ လွယ်ကူတယ်မဟုတ်လား….."

"အာ….." ရှောင်ရူယန်က ပြောစရာစကားမရှိတော့သလို ဖြစ်သွားခဲ့သည်။

ဟုတ်ပေ၏။ ထုံမိသားစုက ယခုအချိန်တွင် မည်သည့်အရာမှ ပြုလုပ်ရန်မလိုအပ်ဘဲ မဟာဆေးလုံးအစည်းအဝေး၌ အနိုင်ယူနိုင်မည်မှာ သေချာနေခဲ့ပြီဖြစ်သည်။

ယခုအချိန်တွင် ယီယွမ်ကို သူလျှိုတစ်ယောက်အဖြစ် စေလွှတ်ခြင်းမှာ မလိုလားအပ်သော အရာတစ်ခုသာ ဖြစ်ပေ၏။

ကျောက်စိမ်းနဂါး နှလုံးငြိမ်ဆေးလုံးကို အလွန်လွယ်ကူစွာ ဖော်စပ်နိုင်သော မှော်ဆေးပညာရှင် တစ်ယောက်က သာမန် မှော်ဆေးပညာရှင်ကောင်း အချို့နှင့် တူညီခြင်းမရှိပေ။

ဤအချိန်တွင် တာဝန်ခံထုံက ရှောင်ရူယန်အနားသို့ ကပ်လာပြီး ပြောဆိုခဲ့သည်။ "ဒုတိယသခင်မလေး… အဲဒါက သဘာဝကျပါတယ်… ပြီးတော့ မဟာဆေးလုံးအစည်းအဝေး ကျင်းပဖို့က သုံးရက်ပဲ လိုတော့တယ်… ကျွန်တော်တို့မှာ အခြားရွေးချယ်စရာ မရှိတော့ဘူး… တကယ်လို့ သူက သူလျှိုတစ်ယောက် ဖြစ်နေခဲ့ရင်တောင် ကျွန်တော်တို့က သူ့ကိုအသုံးပြုဖို့ပဲ တတ်နိုင်တော့မှာပါ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now