လဲ့ - " ဪ... အေးချမ်းရယ်... ရှင်လည်း ငယ်ရာကနေ ကြီးလာတာပဲ... နားလည်ပေးလိုက်ပါ... ရှင့်သမီးအကြောင်း သိလျက်နဲ့... ဘယ်လောက်ကြာမှာ မို့လို့လဲ... "
အေး - " မဟုတ်ဘူး... လဲ့... ဒီတစ်ခါက မတူဘူး... အဲ့သည့်တစ်ယောက်က တို့သူ့ကို မမွေးစားခင်ကတည်းက ပြတ်သွားခဲ့တဲ့ ရည်းစားဟောင်း... ကြားထဲလည်း အသန့်က ကြုံရင်ပြောပြောပြနေတဲ့ သူ့ရည်းစားဟောင်းဆိုတာ အဲ့တစ်ယောက်... တို့က တခြားထက် မိန်းကလေးဖြစ်နေတာကို မကြိုက်တာ... အသန့်လေးကတော့ အဲ့တုန်းက ကလေးသာသာမို့ စိတ်ကစားခဲ့တယ် သတ်မှတ်လို့ရပေမယ့် သူက ဘာလို့ ကိုယ့်ထက် ၁၇ နှစ် ၁၈ နှစ်လောက် ငယ်တဲ့ ကလေးကို ပြန်ကြိုက်ခဲ့ရတာလဲ... ပြီးတော့ အသန့်လေးက သူမှသူ ဖြစ်နေတာကို တို့ လုံးဝ မကြိုက်ဘူး... အသန့်လေးက လူတစ်ယောက်ကို အဲ့လို တမ်းတမ်းစွဲ ဖြစ်တတ်တဲ့သူမျိုး မဟုတ်ဘူး... အမြဲ အေးတိအေးစက် ဆက်ဆံတတ်တဲ့ လူစားမျိုး... တို့တွေကိုတောင် တစ်ခါတစ်လေ ဂရုစိုက်တဲ့လူမျိုး မဟုတ်ဘူး... အခု ဒီတစ်ယောက်နဲ့ကျမှ မသိဘူး လဲ့ရယ်... တို့ကတော့ သဘောမကျဘူး..."
ဒေါက်တာလဲ့မင်းဆွေကတော့ သူငယ်ချင်းဖြစ်သူအား ကြည့်၍ ပြုံးလိုက်ကာ ကုတင်ပေါ်၌ လှဲချလိုက်လေ၏။
.................
သန့် - " မဟုတ်ဘူး... ခုန ဘေးက လှမ်းစနေလို့ အခန်းပြင် ထွက်နေလို့... ရပြီ... အခုက အသန့်လေးတို့ တည်းတဲ့ အဆောင်ရဲ့ အပြင်ဘက်မှာ... "
ခုန သန့်မာမီ၏ စကားသံများကို ကျွန်မက မကြားသကဲ့သို့ ဟန်ဆောင်ကာ
ကျွန်မ - " အင်းပါ အသန့်လေးရယ်...အပြင်မှာဆိုတော့ ခြင်ကိုက်ဦးမယ်နော်... ဂရုစိုက်... "
သန့် - " ဟုတ်ကဲ့ပါရှင်... ဂရုစိုက်ပါ့မယ်... မမ စာလုပ်တော့နော်... အသန့်လေးက စာမကြိုးစားတဲ့သူကိုဆို မချစ်ဘူး... "
ကျွန်မ - " သူက Roll one ဆိုတော့ ပြောထားပေါ့... ဟွန့်... "
သန့် - " အမလေး... မမရယ် ဒီနှစ်တော့ ကြောက်နေရတယ်... တစ်ဘာသာ မရဘူး... First Sem တုန်းကရော အခု Second Sem ရော အဲ့ဘာသာမှာပဲ ၂၀တန် တစ်ပုဒ်စီ မဖြေနိုင်ခဲ့ဘူးလေ... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 10
Start from the beginning
