ကျွန်မ - " အဲ့ဒါ ကံနိမ့်နေလို့ ဖြစ်မယ်... ဘုရား တရား များများလုပ်နော် ကလေးလေး..."

သန့် - " ဟုတ်ကဲ့ပါ အန်တီကြီးရဲ့... "

ကျွန်မ - " ဟယ်... သူများက စေတနာနဲ့ ပြောတာကို... ဘာ အန်တီကြီးလဲ... "

သန့် - " အွန်... သူပဲ ကလေးလေးဆိုတော့ လိုက်ဖက်အောင် အန်တီကြီးလို့ ပြန်ခေါ်ပေးတာလေ... ဟီးဟီး... "

သန့်ရဲ့ ရယ်မောသံလေးများက ကျွန်မအတွက် ခွန်အားများဟု ဆိုရလျှင် မမှားပေ။
.

..................

တဖြည်းဖြည်း သိလာရသည်မှာ သန့်၏ မာမီက ကျွန်မအား သဘောမကျခြင်းပေ။ ကျွန်မတို့ ညဘက်များ ဖုန်းပြောသည့်အခါ ဘေးမှ သန့်မာမီ၏ တားဆီးသံများ၊ ဖုန်းဆက်မပြောစေရန် အနှောင့်အယှက်ပြုသည့် အသံများကို ရံဖန်ရံခါ ကြားရပေသည်။ ကျွန်မတို့၏ အနာဂတ်ကို တွေးကြည့်ရင်း ဝမ်းနည်းမိလာလေသည်။

သန့် - " hello "

သန့်၏ စကားသံကို ကျွန်မ ပြန်လည်မဖြေကြားမီမှာပင် သန့်၏ နံဘေးမှ အသံကို ကြားလိုက်ရပေသည်။

အေး - " နင်တို့ ဘာလို့ မိန်းမချင်း ကြိုက်ရတာလဲ... ဘာလုပ်လို့ရမှာမို့လို့လဲ... "

သန့် - " မာမီ... "

အေး - " ဘာလဲ... ငါပြောတာ မဟုတ်လို့လား ... မိန်းကလေးဖြစ်ပြီး မိန်းမချင်း ကြိုက်တယ်တဲ့... အံ့ပါရဲ့ ... "

သန့် - " မာမီရေ... ကျွတ်စ်... "

သန့်က စုတ်သပ်ကာ ကုတင်ပေါ်မှ ထထွက်လိုက်လေသည်။ 

ဘေးကုတင်၌ ထိုင်ရင်းကျန်ခဲ့သော သန့်၏မာမီ ဒေါ်အေးချမ်းခိုင် ကတော့ သန့်ကို မမှုန်မသုန် ကြည့်နေရာမှ သန့်၏တစ်ဖက်ခြမ်း ကုတင်တွင်ထိုင်လျက် မိမိအား ကြည့်ရင်း ရယ်နေသော သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သည့် ဒေါက်တာလဲ့မင်းဆွေအား ကြည့်ကာ

အေး - " တွေ့လား... လဲ့... အသန့်လေးက အဲ့တစ်ယောက်နဲ့ဆို တို့ရဲ့ စကားကို နားမထောင်တော့ဘူး... တို့ကိုလည်း အဖက်မလုပ်တော့ဘူး... "

The Rope (Own Creation)Where stories live. Discover now