သို့သော် အချိန်အကြာကြီး မသွားလိုက်ရဘဲ ယီယွမ်၏လမ်းကို သိုင်းပညာရှင်သုံးယောက်က ပိတ်ဆို့ထားခဲ့သည်ကို တွေ့ခဲ့ရသည်။

"ဟီးဟီး… ကောင်လေး… ငါတို့က မကြာခင်အချိန်အတွင်း နောက်တစ်ကြိမ်
ပြန်ဆုံရမယ်လို့ မထင်ထားခဲ့ဘူး မဟုတ်လား….." ထိုသူမှာယီယွမ်၏ အလယ်အလတ်အဆင့် သဘာဝသလင်းတုံးကို ရရှိခဲ့သည့် လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်ဖြစ်ပေ၏။

ထိုသုံးယောက်စလုံးက ပင်လယ်အသွင်
ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြသည်။ သို့သော် ယီယွမ်က တစ်ယောက်တည်း ဖြစ်နေသည်ကိုမြင်သော် ကောက်ကျစ်သော စိတ်ဓာတ်များ ကြီးမားလာခဲ့၏။

ထိုလူသုံးယောက်ကို မြင်သော်လည်း ယီယွမ်က စိတ်ထဲထည့်ထားခြင်း မရှိခဲ့ပေ။ သူက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်… အစ်ကိုကြီးက ကျွန်တော့်ကို ဒီနေရာမှာ တားဆီးခဲ့တာက ဝိုင်သောက်ဖို့ ဖိတ်ခေါ်မလို့များ စဉ်းစားနေတာလား… ဟုတ်လား….."

"ဟားဟားဟား… သူဘာပြောလိုက်တာလဲ… ငါက သူ့ကို ဝိုင်သောက်ဖို့ ခေါ်မယ်လို့များ သူပြောလိုက်တာလား… ကောင်လေး… မင်းကတကယ် ညံ့ဖျင်းတာလား… ဒါမှမဟုတ် လူညံ့တစ်ယောက်လို ဟန်ဆောင်နေတာလား… မင်းရဲ့ကိုယ်ပေါ်မှာရှိတဲ့ ရတနာတွေနဲ့ သဘာဝသလင်းတုံးတွေ အားလုံးကို ထုတ်ပေးမယ်ဆိုရင် ငါကမင်းကို အကောင်းအတိုင်းရှိနေတဲ့ အလောင်းကောင်အဖြစ် ထွက်သွားခွင့်ပေးမယ်….." ထိုလူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့၏။

ယီယွမ်က ပြုံး၍ပြောလိုက်သည်။ "ကျွန်တော်ကအဲဒီအရာတွေ ထုတ်ပေးသည်ဖြစ်စေ မထုတ်ပေးဘူးဖြစ်စေ ခင်ဗျားက ကျွန်တော့်ကို သတ်မှာပဲလေ… ကျွန်တော်က ဘာလို့အဲဒီအရာတွေကို ခင်ဗျားဆီ ပေးရမှာလဲ….."

လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်က အံ့အားသင့်သွားခဲ့ပြီး ထိုစကားက အမှန်ဖြစ်ကြောင်း တွေးမိသွားခဲ့၏။ ဤသို့ခြိမ်းခြောက်မှု စကားများက အခြားသူများအမြင်တွင် အလွန်ညံ့ဖျင်းနေပေမည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now