"အမှန်အတိုင်းပြောလိုက်… ဒါပေမဲ့ မင်းက အဲဒီကောင်လေးရဲ့ စွမ်းရည်တွေကို အရှင်လေအင်ပါယာ သိသွားအောင် ပြောပြပေးရလိမ့်မယ်… အရှင်လေအင်ပါယာရဲ့ ဉာဏ်ပညာနဲ့ဆိုရင် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ငချွတ်ကလေးကို ဖမ်းဆီးဖို့ဆိုတာ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုပဲ….."

"ကောင်းပြီလေ… ဒါဆိုရင်တော့ ကျုပ်အခုချက်ချင်း သွားလိုက်ပါ့မယ်….." လန်ဟူကလည်း အချိန်ဆွဲနေခြင်းမရှိတော့ဘဲ ထိုသို့ပြောပြီးသည်နှင့် ထွက်ခွာသွားခဲ့၏။

. . . . . .

လေထုမြင့်တက်ခြင်းမြို့…..

ထိုမြို့က ဗဟိုမြို့တော်ကို ဝန်းရံ၍ ကာကွယ်ပေးနေကြသော မြို့ကြီးလေးမြို့အတွင်းမှ မြို့တစ်မြို့ဖြစ်သည်။

ပထမမုန်တိုင်းနယ်မြေကို ဝင်ရောက်လာပြီးနောက် မြို့အများအပြား တည်ရှိနေသည်ကို တွေ့နိုင်ပေ၏။

မြို့တစ်မြို့စီတိုင်း၌ မုန်တိုင်းကိုတိုက်ထုတ်ခြင်း ဝင်္ကပါများ ရှိနေကြသည်။ မြို့များထဲတွင် နေထိုင်ကြသော သိုင်းပညာရှင်များက အဆုံးမဲ့ကမ္ဘာကြီးနှင့် အများကြီး ခြားနားခြင်း မရှိပေ။ သို့ရာတွင် မြို့ထဲ၌ မြေတစ်လက်မက ရွှေတစ်လက်မကဲ့သို့ တန်ဖိုးကြီးမားပေ၏။ ပုံမှန်သိုင်းပညာရှင်များက မြို့ထဲရှိ ကုန်ကျစရိတ်များကို တတ်နိုင်စွမ်းမရှိကြပေ။

အစွန်အဖျားရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အားလုံး၏ နောက်ဆုံးခရီးပန်းတိုင်က ဤမြို့ကြီးလေးမြို့ ဖြစ်သည်။

လေထုမြင့်တက်ခြင်းမြို့ အထဲရှိ စားသောက်ဆိုင်တစ်ခုတွင် လူငယ်လေးတစ်ယောက်က စားသောက်နေရင်း ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များ ပြောဆိုနေကြသည့် စကားများကို နားထောင်နေခဲ့၏။

"မင်းတို့အားလုံး ကြားပြီးကြပြီလား… နှစ်ပေါင်းလေးထောင် ကြာပြီးတဲ့အချိန်မှာ ငါတို့ရဲ့ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးနဲ့ အဆုံးမဲ့ကမ္ဘာကြီးတို့အကြား နယ်မြေလမ်းကြောင်းက ပွင့်သွားခဲ့ပြီတဲ့….." လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်တစ်ယောက်က သူ၏အဖော်များကို ပြောလိုက်ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now