"လက်လျှော့လိုက်တော့… မင်းကငါ့ကို မထိခိုက်စေနိုင်ဘူး… တကယ်လို့ မင်းမှာခွန်အားပြည့်ရှိနေမယ် ဆိုရင် ငါကနည်းနည်းလောက် စိုးရိမ်နေဦးမယ်… ဒါပေမဲ့ အခုလက်ရှိမှာ မင်းကငါ့ကို လုံးဝမထိနိုင်ဘူး….." ယီယွမ်က အသာအယာပင် ပြောလိုက်၏။

"မင်းပါးစပ်ကို ပိတ်ထားစမ်း… ငရဲကို သွားလိုက်တော့….." လန်ပေက ရူးသွပ်နေသော အခြေအနေတစ်ခုသို့ ရောက်ရှိနေခဲ့ပြီး ယီယွမ်၏စကားများကို လုံးဝပင် မကြားခဲ့သလို သဘောထားခဲ့သည်။

သို့မဟုတ် သူကဤအချက်ကို လက်ခံရန် လုံးဝစိတ်ကူးမရှိခြင်းလည်း ဖြစ်နိုင်ပေ၏။

"ဟူးးးးး….." ယီယွမ်က သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချလိုက်သည်။ သူ၏ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ပြီး လန်ပေ၏ လက်သီးအရိပ်များအတွင်းမှ ပျောက်ကွယ်သွားခဲ့၏။

သူပြန်ပေါ်လာသောအချိန်တွင် ပေတစ်ရာကျော် ဝေးကွာသောနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

"မင်းရဲ့တိုက်ခိုက်မှုတွေက ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေခဲ့တဲ့ လေဓားပါးတွေနဲ့ ယှဉ်လိုက်ရင် အများကြီး
အဆင့်နိမ့်နေတယ်… အဲဒီလေဓားပါးလေးတွေက ငါ့ကိုထပ်ပြီးတော့ ဒဏ်ရာမရစေနိုင်တော့ဘူး… ဒါဆိုရင်မင်းက ငါ့ကိုဘာလို့ အန္တရာယ်ပေးနိုင်မှာလဲ….."

လန်ပေ၏ မျက်နှာအမူအရာက ရုပ်အဆိုးဆုံးအခြေအနေသို့ ရောက်ရှိသွားခဲ့၏။ ယီယွမ်က လေအလျဉ်အစစ်အမှန်အသိ ဟုခေါ်သည့် အရာကို အမှန်တကယ် နားလည်သွားခြင်း ဖြစ်နိုင်ကြောင်း သူသိရှိသွားခဲ့သည်။

သူကယီယွမ်ကို သတ်ဖြတ်ရန် ကျရှုံးခဲ့သည်သာမကဘဲ ယီယွမ်ကို အလွန်ကြီးမားသော အကျိုးကျေးဇူးတစ်ခုကို ရိတ်သိမ်းသွားနိုင်အောင် ကူညီပေးမိသွားခဲ့၏။ ယခု လန်ပေ၏ စိတ်ဓာတ်ကျမှုကို ခန့်မှန်းကြည့်၍ ရနိုင်ပြီဖြစ်သည်။

"မင်းရဲ့လက်သီးက ဘယ်လောက်အထိ မြန်ဆန်နေပါစေ မင်းစတင်လှုပ်ရှားလိုက်တာနဲ့ လေထုက မင်းလှုပ်ရှားမှုနဲ့ အတူတူပဲ လှုပ်ရှားကြတယ်လေ… မင်းကျေးဇူးကြောင့်ပဲ ငါက ဒီပဉ္စမမုန်တိုင်းနယ်မြေမှာရှိတဲ့ လေစီးဆင်းမှုနိယာမကို ဆုပ်ကိုင်နိုင်ခဲ့ပြီး လေအလျဉ်အစစ်အမှန်အသိကို နားလည်ခဲ့တာပါ….." ယီယွမ်က ပြောခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now