ရင်ရှုပ် - " နင်ဟာလေ... ဒီဘက်ကို ဖြတ်ပြီးခါမှ ဟိုကပြန်မကြိုက်ရင် အေးရော..."
သန့် - " မမက ပြန်မကြိုက်ရင်တောင် ငါမမ မဟုတ်တဲ့ ဘယ်သူနဲ့မှ မတွဲတော့ဘူး... Ok နော် Fa မ... "
ရင်ရှုပ် - " မသာမ..."
...................
နေ့လယ် ထမင်းစားချိန် ထမင်းစားပြီး ထပ်ထားသည့် စာအုပ်များအား အမှတ်ခြစ်နေစဉ် ဖုန်းဝင်လာသောကြောင့် ဖုန်းကို ကြည့်လိုက်ရာ unknown contact ဖြစ်သော်လည်း ထိုနံပါတ်များမှာ ကျွန်မနှင့် ရင်းနှီးနေသည်ဟု ခံစားရလေသည်။ ယောင်ဝါးဝါးဖြင့်ပင် ထိုဖုန်းကို ကိုင်လိုက်ရာ...
သန့် - " Hello "
ကျွန်မ - " Hello... ဟုတ်... ဘယ်သူလဲ မသိဘူး..."
သန့် - " ဖုန်းနံပါတ် မမှတ်ထားဘူးလား... "
ကျွန်မ - " အင်း... မမှတ်ထားမိဘူး... ဪ... အသန့်လေး လား..."
သန့် - " အင်းပေါ့... သူများဖုန်းကိုတောင် မမှတ်ထားဘူးပေါ့လေ..."
ကျွန်မ - " ဪ... ဖုန်းအသစ်ပြောင်းလိုက်တာမို့ ဒီဖုန်းထဲမှာ မမှတ်ထားမိတာ..."
"ဆက်လည်းမဆက်ဖြစ်တော့ဘူး ဆိုတော့လေ..."
သန့်ဘက်မှ မကြားအောင် တီးတိုးရေရွတ်မိလေ၏။ အင်း... ဆက်ချင်တိုင်း ဆက်လို့မှ မရတော့တာပဲ...
သန့် - " အဲ့ဒါဆို... အခု မှတ်ထားတော့နော်... "
ကျွန်မ - " အင်းပါ... မှတ်ထားမယ်... စာမေးပွဲ ပြီးပြီမလား... မြောင်းမြ ပြန်ရောက်နေပြီပေါ့... "
သန့် - " အင်း... ရောက်ပြီ... မမ စားပြီးပြီလား..."
ကျွန်မ - " အင်း... အခုပဲ စားပြီးတယ်... အသန့်လေးရော..."
သန့် - " ဟင့်အင်း... မေ့ဆီကို ထမင်းသွားပို့ မလို့လေ ... အဲ့ဒါ ဆိုင်ကယ်က နေပူထားတာမို့ နေရိပ်ထဲရွေ့ပြီး စောင့်နေတာ..."
ကျွန်မ - " ဪ... ဟုတ်လား... "
သန့် - " အင်း..."
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 9
Start from the beginning
