အဆောင်သို့ ပြန်ရောက်သောအခါ ညစာအတွက် ဝယ်လာသည့် မုန့်များကို နေရာချကာ လွယ်အိတ်တွင်းမှ ဖုန်းကို ထုတ်ယူကာ စာအချို့ ရိုက်နှိပ်မိလေ၏။

💌

To: Old Flame

ဒေါ်သန္တာရောင်ရှင့် ကျွန်တော်မျိုးမ သတိတွေရနေပါတယ်... အရင်လိုလည်း စကားတွေအများကြီးပြောချင်ပါသေးတယ်...ဟိုနေ့က စာမေးပွဲခန်းကို သွားနေတာမို့ စကားအေးဆေးလည်း မပြောရဘူးရှင့်... Fb ကလည်း acc အသစ်ဖွင့်ရင်လည်း လာaddပါ... စာမလာသတင်းမကြား...☹

အတတ်နိုင်ဆုံး အားတင်းကာ ထိုစာများကို ရိုက်ပြီးနောက် send ဟူသော ခလုတ်အားနှိပ်လိုက်မိလေသည်။ ထို့နောက် ဖုန်းကို ကုတင်ပေါ်ပစ်တင်ကာ လူကိုပါ ကုတင်ပေါ် ခုန်တက်လိုက်ရာ ဘယ်ဘက်ဘေးကုတင်မှ ရှမ်းမက မျက်စောင်းထိုးလေသည်။

ရှမ်းမ - " မသာမ... အငြိမ်ကိုမနေဘူး... "

သန့်ကမူ မျက်စောင်းသာထိုးကာ ပြုံးလိုက်လေသည်။
...................
စာမေးပွဲအပြီး နောက်တစ်ရက်

အဆောင် Dinner ၌ သန့်က M.C လုပ်ရမည် ဖြစ်သဖြင့် ဆံပင်သွားပြင်ပြီး သူငယ်ချင်းဖြစ်သူ ရင်ရှုပ်နှင့် အတူ ကျောင်းနားရှိ သန့် ထိုင်နေကျ Linn Cafe ၌  ထမင်းစားကြရင်း ရုတ်တရက် သန့်က ဖုန်းကို ကြည့်ကာ ထအော်လေ၏။

သန့် - " အား... "

ရင်ရှုပ် - " ဘာဖြစ်လို့လဲ... အသန့် "

သန့် - " ငါ့ရင်တွေ ပေါက်ထွက်ပြီ ထင်တယ် ရင်ရှုပ်ရယ်... "

ရင်ရှုပ် - " ဟဲ့... ဘာဖြစ်တာလဲ... "

သန့် - " ငါ့ကို... ငါ့ကို ငါ့မမ စာပို့တယ်... အား... ရင်တွေတုန်လိုက်တာ... ငါ့ကို ကယ်ပါဦး..."

ရင်ရှုပ် - " နင်ကလည်း... ဘာများလဲလို့... လန့်သွားတာပဲ... ပြီးလည်း ပြတ်မယ့်ဟာ..."

သန့် - " စောက်ကောင်မ... ပါးစပ်ပုတ်ကြီးနဲ့... ငါ သူ့ကိုတော့ တကယ်ချစ်တာဟ... ဟိဟိ... ငါ့ကို စာပြန်တယ်... အား...သေပါပြီ... တော်ပြီ... တော်ပြီ... ငါ့ရည်းစားကို ဖြတ်တော့မယ်... "

The Rope (Own Creation)Where stories live. Discover now