မာမီ - " အသန့်လေး ဖြေနိုင်လား..."

သန့် - " ဟုတ်... ဖြေနိုင်တယ် မာမီ... "

မာမီ - " ငါ့ သမီးကြည့်ရတာ အူမြူးနေသလိုပဲ... အိသက် အခန်းစောင့် လို့များလား... "

သန့် - " မဟုတ်တာ... သူက အခန်းစောင့်မပါဘူးလေ... "

မာမီ - " ဒါဆို ဘာလို့လဲ... ကောင်မလေးနော် မဟုတ်မဟတ် မကြားချင်ဘူး... ညည်းအမေနဲ့ မျက်နှာမပျက်ချင်ဘူးနော်... ကောင်မလေး... "

သန့် - " ဟယ်... စာမေးပွဲမေးခွန်းတွေ လွယ်နေလို့ပါ မာမီရယ်...ထမင်းဘူးပေး...ဗိုက်ဆာနေပြီ သွားတော့မယ်..."

မာမီ - " ဟင်... မာမီနဲ့ အတူ မစားဘူးလား... "

သန့် - " ဟင့်အင်း... နွေးနဲ့အတူ သွားစားမလို့... Paper - 2 အတွက် ဇာတ်ညွှန်းကို စာသွားရိုက်ရဦးမယ် "

မာမီ - " ဪ... အေးအေး... မာမီက ထမင်းစားပြီးရင် ညနေ M.A တန်းကို အခန်းစောင့်ရမှာ... ထမင်းဘူး ဝင်ထားသွားနော်... "

သန့် - " ဟုတ်ကဲ့ မာမီ... "

မာမီ့ကို ပြောပြီး မာမီတို့ ရုံးခန်းတွင်းမှ သန့် ထွက်လာ၏။
ဖုန်းကို တစ်ချက်ကြည့်လိုက်ရင်း နှုတ်မှ တီးတိုးရေရွတ်မိလေ၏။

သန့် - " ဟင်း... ခုထိ ဖုန်းနံပါတ်လည်း မပို့သေးဘူး... "

.................

စာမေးပွဲ သုံးရက် ဖြေဆိုပြီးရာတွင် စနေ၊ တနင်္ဂနွေ နှစ်ရက် ပိတ်သဖြင့် သောကြာနေ့ညနေ သန့်တို့ သူငယ်ချင်းတစ်စု Myanmar Plaza သို့ မုန့်သွားစားကြလေ၏။ ထိုမှ သန့် တစ်ယောက်တည်း အဆောင်သို့ Bus စီး၍ ပြန်ခဲ့လေ၏။

YBS 60 ကားအကြီး မစောင့်နိုင်တော့သဖြင့် အရင်လာသည့် ကားအသေးသာ စီး၍ ပြန်ခဲ့လေ၏။
သန့်နှင့်အတူ ကျောင်းဝတ်စုံ အဖြူအစိမ်းဖြင့် ဆရာမတစ်ယောက် အတူတူတက်လာ၏။

သန့်က ရုတ်တရက် ထိုဆရာမလေးကို လှည့်ကြည့်လိုက်ရာ တစ်ချိန်က ချစ်ဖူးသူကို ပြန်လည်သတိရသွားမိလေသည်။
တစ်လမ်းလုံး ထိုဆရာမလေးကို ငေးကြည့်ရင်း အတိတ်ဆီသို့သာ ပြန်တွေးမိနေလေသည်။

The Rope (Own Creation)Where stories live. Discover now