သန့် - "နင့်မေလင် စည်ပင်..."

ရှမ်းမ - " ပြောလည်းပြောချင်စရာ... လွယ်အိတ်ကအစ လိမ္မော်ရောင်... တော်သေးတယ်... ထီးက အပြာရောင်မို့လို့"

သန့် - " လွယ်အိတ်က ဒီတစ်လုံးပဲရှိတာလေ... သူ့ဖာသာ လိမ္မော်ရောင်ဖြစ်နေတာ မတတ်နိုင်ဘူး... ဒါတောင် ဆေး၂သမဂ္ဂက ငါ့ကို သမဂ္ဂ အတွင်း​ရေးမှူးမို့ လက်ဆောင်ပေးထားတာ "

ရင်ရှုပ် - " နင် ဒီနေ့ ဘာဖြစ်နေတာလဲ... မလန်းဘူး... နင့်လို roll 1 က စာမရလို့ ဆိုပြီးတော့ မမှိုင်လောက်ပါဘူး..."

သန့် - " ညကဟယ်... ဖင်ယားပြီး ကော်ဖီဖျော်ရင်း ခွက်ကပုံကို ကြည့်မိတာ... သတိရသွားလို့... "

ရှမ်းမ - " နင်ကိုက အမျိုးမျိုး ဖြစ်နေတာ... သိလား ရင်ရှုပ် အဲ့ကောင်မ ဟိုနေ့က အရက်မူးပြီး ရည်းစားနှစ်ယောက်ရသွားတယ်တဲ့လေ "

ရင်ရှုပ် - " ဟယ်... ပြီးရင် ငါတို့ကိုပါ ဆွဲထည့်ပြီး မရမကဖြတ်ဦးမယ်..."

ရှမ်းမ - " အေး တွဲလိုက်လည်း ကောင်မလေးတွေ... သူ့ကို ဘာကြည့်ကြိုက်ကြလဲ မသိဘူး... ဘယ်ချိန်ကြည့်ကြည့် ရင်ဖုံးနဲ့ထဘီနဲ့... အိမ်နေရင်းတောင် တီရှပ်နဲ့ထဘီဝတ်တဲ့ကောင်မက ရည်းစားထားတော့လည်း မိန်းကလေးပဲ ကြိုက်တယ်..."

သန့် - " ငါက မိန်းမအဆန်လွန်ပြီး မိန်းမတွေပဲ ကြိုက်ကုန်တာ... ဟားဟား... ကော်ဖီသောက်ဦးမလား ငါဝယ်တိုက်မယ်..."

စာမေးပွဲဖြေရမည့် ကုမုဒြာဆောင် နံဘေးရှိ real coffee ဆိုင်သို့ ဝင်ကာ ကော်ဖီနှင့် ပေါင်မုန့် ဝင်ဝယ်ကာ ကုမုဒြာဆောင်သို့ လျှောက်သွားခဲ့ကြ၏။
ကုမုဒြာဆောင်အောက်၌ သူငယ်ချင်းတစ်ဦးထံမှ ဖုန်းလာသဖြင့် ထိုသူငယ်ချင်းကိုရပ်စောင့်နေလေ၏။

နှင်း - " Sorry... အသန့်... ငါ နောက်ကျသွားတယ်..."

သန့် - " ရတယ်... ငါလည်း အခုမှ ဒီအောက်ရောက်တာ..."

နှစ်ယောက်သား စကား တပြောပြောနှင့် လှေကားအတိုင်း စာမေးပွဲ ဖြေဆိုရမည့် သုံးလွှာသို့ တက်လာလေ၏။
နှစ်လွှာသို့ရောက်ခါနီး သန့်ထံသို့ နံပါတ်ခပ်စိမ်းစိမ်း ဖုန်းဝင်လာသဖြင့် ကိုင်လိုက်လေသည်။
...............

The Rope (Own Creation)Donde viven las historias. Descúbrelo ahora