ထိုအလင်းဖုံးအကာအကွယ်၌ တောက်ပသော အလင်းတန်းများ စီးဆင်းနေခဲ့ပြီး ကြည့်ရသည်မှာ အလွန်အံ့အားသင့်စရာ ကောင်းလှ၏။ သို့သော် ဤအလှအပ၏ နောက်ကွယ်၌ ဧရာမအန္တရာယ်ကြီးတစ်ခု ပုန်းကွယ်နေကြောင်း လူတိုင်းသိရှိကြပေသည်။

ဤအလင်းတန်းအတားအဆီးကို ထွင်းဖောက်၍ နန်းတော်၏ ပင်မတံခါးပေါ်တွင် ထာဝရခမ်းနားခြင်းနန်းတော် ဟူသော စကားလုံးများကို ယီယွမ်က ထင်ရှားစွာ မြင်နိုင်ခဲ့၏။

ဤနန်းတော်၏ အော်ရာက ခမ်းနားလှသည်။ အပြင်ဘက်မှ ကြည့်လိုက်ရုံဖြင့် ထိုနန်းတော်က ပျက်စီးနေခဲ့ပုံ ပေါ်နေခဲ့၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အချိန်၏တိုက်စားခြင်းကို နန်းတော်က ကြုံတွေ့ရပြီးဖြစ်ကြောင်း လူတိုင်းပြောနိုင်ပေသည်။

သို့သော် ထာဝရခမ်းနားခြင်း

နန်းတော်မှ နယ်မြေတစ်ခုလုံးဆီသို့ အံ့မခန်းအော်ရာတစ်ခု စိမ့်ထွက်နေဆဲဖြစ်၏။ သိုင်းပညာရှင်တစ်ယောက်က ဤနေရာသို့ ရောက်လာချိန်တွင် ထိုသို့သော စမ်းသပ်မှုမျိုးကို သေချာပေါက် တောင့်ခံနိုင်မည် မဟုတ်ပေ။

အကယ်၍ သူတို့က ဝင်္ကပါပညာရပ်တွင် အလွန့်အလွန် အစွမ်းထက်ခြင်း မရှိပါက တံခါးကိုဝင်ရောက်နိုင်စွမ်းပင် ရှိမည်မဟုတ်တော့ပေ။

ယီယွမ်က နောက်သို့လှည့်၍ ဝူကျောက်ကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ဒီမဟာဝင်္ကပါရဲ့ နာမည်က အကြွင်းမဲ့မီးလျှံအတားအဆီးတဲ့... အဆင့်(4) အဆင့်မြင့်အဆင့် ဝင်္ကပါတစ်ခု... အလွန့်အလွန် ကြောက်စရာကောင်းတဲ့ အစွမ်းရှိတယ်... တကယ်လို့ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်တစ်ယောက် ဝင်ရောက်မယ်ဆိုရင်တောင် သေချာပေါက် သေသွားရလိမ့်မယ်....."

ဝူကျောက်နှင့် ကျန်လူများက ထိတ်လန့်တုန်လှုပ်မှုကြောင့် ဆွံ့အသွားခဲ့ကြ၏။

စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်များအတွက်ပင် သေချာပေါက် သေဆုံးရမည်ဆိုသည်မှာ မည်သို့သော အရာမျိုး ဖြစ်သနည်း။

တောင်ပိုင်းကုန်းမြေ တစ်ခုလုံးတွင် အစွမ်းအထက်ဆုံးပုဂ္ဂိုလ်မှာ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် တစ်ယောက်သာ ဖြစ်ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now