ယီယွမ်၏ စကားများနောက်ကွယ်တွင် လျှို့ဝှက်ထားသော အဓိပ္ပါယ်တစ်ခု ရှိနေကြောင်း အကြီးအကဲဝူက သိရှိသော်လည်း သူ၏မုတ်ဆိတ်ကို ပွတ်သပ်၍ ရယ်မောပြောဆိုခဲ့၏။ "ဘာမှမဟုတ်ရပါဘူး... တူလေးယီက ငါ့ကို မြှောက်ပင့်ပေးနေတာပဲ....."

ယီယွမ်က ပြုံးလိုက်ပြီး မည်သည့်စကားမှ မပြောခဲ့ပေ။ သူက အဓိကခန်းမ၏ အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့ရာ ဝူကျောက်နှင့် သူ့လူများက မျက်နှာအရောင် ပြောင်းသွားခဲ့သည်အထိ ကြောက်လန့်သွားကြသည်။

"တူလေးယီ... ထပ်ပြီးတော့ ဆက်မလျှောက်တော့နဲ့... အန္တရာယ်ရှိတယ်....." ဝူကျောက်က ထိတ်လန့်တကြား အော်ပြောလိုက်၏။

သို့သော် ယီယွမ်က ထိုစကားကို မကြားရသော နားကန်းတစ်ယောက်ကဲ့သို့ ဆက်၍လျှောက်လှမ်း သွားခဲ့ကြသည်။

ဝူကျောက်နှင့် ထိုဝင်္ကပါပညာရှင်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ စိတ်ထဲ၌ ဤကောင်လေးက အရူးတစ်ယောက် ဖြစ်နေမည်လားဟု တွေးနေခဲ့ကြ၏။ ကြီးမားသောဝင်္ကပါတစ်ခု ရှိနေသည်ကို သတိထားမိသည့်တိုင် ဝင်္ကပါဆီသို့ ဦးတည်

ဝင်ရောက်နေခဲ့သေးပေသည်။

သို့သော် ယီယွမ်က တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်နေရင်း သူတို့၏ နှလုံးသားများက လည်ချောင်းထဲသို့ ရောက်လာခဲ့ကြ၏။

ဒီကောင်လေးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ.....

ဤအချိန် အခိုက်အတန့်တွင် ယီယွမ်က ရုတ်တရက် မတ်တတ်ရပ်နေခဲ့ရာတွင် မူလက တည်ငြိမ်နေသော လေထုမှာ ရုတ်တရက် အလင်းရောင်တောက်ပပြီး လှိုင်းတွန့်မှုများ ဖြစ်ပေါ်လာခဲ့သည်။ မြင်တွေ့နိုင်ခြင်းမရှိသော အကာအကွယ်က အမှန်တကယ်ပင် ပေါ်ထွက်လာခဲ့၏။

ဝူကျောက်နှင့် လူတိုင်း၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ ယခုအချိန်မှသာ သူတို့က ကြီးမားသောဝင်္ကပါ၏ အစစ်အမှန်ပုံစံကို ထင်ရှားစွာမြင်တွေ့လိုက်ရ၏။

ဧရာမအလင်းအကာအကွယ်, အလင်းတန်းအတားအဆီးက အဓိကခန်းမကို အပေါက်လုံးဝမရှိစေဘဲ အပြည့်အဝ ဝန်းရံထားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now