အကယ်၍ အဖွဲ့ကြီးခုနှစ်ဖွဲ့က ပူးပေါင်းခဲ့လျှင်ပင် သူတို့ကို အသာစီးရနိုင်မည် မဟုတ်ပေ။

"ကောင်းတယ်... တော်တော်ကောင်းတယ်... ဒီဆုံးရှုံးမှုကို ငါ,ယူဖန်း လက်ခံတယ်... ဒါပေမဲ့ ငါကလည်း ဒီမမျှတမှုကို မှတ်ထားမယ်... ဟမ့်....."

ယူဖန်းက သူ၏စိတ်ထဲမှ ဒေါသကို အတင်းချိုးနှိမ်ခဲ့ရပြီး ပြင်းထန်သော စကားများကို ပြောလိုက်သည်။

သို့ရာတွင် သူက ဤမမျှတမှုကို ပြန်လည်တုံ့ပြန်နိုင်မည့် အခွင့်အရေးရှိလာမည်ဟု သူကိုယ်တိုင်ပင် မယုံကြည်ပေ။

ဤလျှို့ဝှက်နယ်မြေအတွင်း၌ လုံးဝမဖြစ်နိုင်ပေ။ လျှို့ဝှက်နယ်မြေမှ ထွက်လာပြီးချိန်တွင် ထိုသို့လုပ်နိုင်ရန်မှာ မေးနေရမည့်အရာ မဟုတ်ပေ။

ကြည်လင်ပြတ်သားခြင်းအဖွဲ့၏ အင်အားက ငြိမ်သက်တိမ်တိုက်အဖွဲ့၏ အင်အားထက် မြင့်မားသော်လည်း ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ အင်အားနှင့် နှိုင်းယှဉ်လိုက်ပါက အများကြီး နိမ့်ကျပေ၏။

ဝူကျောက်ကလည်း ယူဖန်းကို အရေးလုပ်ခြင်း မရှိတော့ပေ။ လက်ရှိအချိန်တွင် သူ့အတွက် အရေးအကြီးဆုံးက ဤနန်းတော်အတွင်းသို့ ဝင်ရောက်ရန်သာ ဖြစ်သည်။

"တူလေးယီ... စောစောလေးက စော်ကားမိသလို ဖြစ်သွားခဲ့တာတွေက ဒီအကြီးအကဲရဲ့ အမှားပါ... တကယ်လို့ မင်းမှာ ဒီနန်းတော်ထဲ ဝင်ရောက်ဖို့ နည်းလမ်းရှိနေမယ်ဆိုရင် ကျေးဇူးပြုပြီး ဝေမျှပေးပါလား....."

ဝူကျောက်က သူ၏အဆင့်အတန်းကို နှိမ့်ချ၍ ယီယွမ်ကို ပို၍ချစ်ခင်ရင်းနှီးစွာ ဆက်ဆံလာခဲ့ခြင်းမှာ အခြားသူများ မလုပ်ဆောင်နိုင်သော ကိစ္စတစ်ခုပင် ဖြစ်၏။

ယီယွမ်က ပြဿနာများ ဖြစ်ပွားနေသည်ကို မြင်သော်လည်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က တကယ်ကိုပဲ တောင်ပိုင်းကုန်းမြေရဲ့ နံပါတ်တစ်အဖွဲ့နေရာနဲ့ ထိုက်တန်ပါတယ်... အကြီးအကဲဝူရဲ့ သည်းခံနိုင်စွမ်းက အခြားသူတွေထက် အများကြီးပိုပါတယ်... ယီယွမ်က လေးစားမိပါပြီ....."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now