ထိုအချိန်၌ ဝံပုလွေအုပ်ကြီး၏ ဝန်းရံခြင်းခံထားရသော ယီယွမ်က ရုတ်တရက် အဝါဖျော့ဖျော့ ဓားအလင်းများစွာကို ထုတ်ဖော်လိုက်၏။

ရွှစ်….. ရွှစ်…..

ဓားအလင်းများက အရေပြားကို ဖောက်ထွက်သွားသည့် အသံအတွဲလိုက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သွေးဆာကောင်းကင်ဝံပုလွေ အရေအတွက်များစွာက အဝေးသို့ လွင့်စင်သွားခဲ့၏။ ဝံပုလွေအုပ်စုကြီး၏ ဝိုင်းပတ်နေမှုက တစ်ချက်တည်းဖြင့် ပျက်စီးသွားခဲ့သည်။

"ယီယွမ်… မင်းအဆင်ပြေနေရင် အကောင်းဆုံးပဲ….." မိုယုထန်က အခြေအနေကို မြင်သော် ဝမ်းသာသွားခဲ့၏။

ယီယွမ်က အော်ပြောလိုက်သည်။ "အကြီးအကဲမိန်နဲ့ စီနီယာအစ်ကိုတို့က ကျွန်တော့်ကို စိတ်ပူစရာ မလိုပါဘူး… ကျွန်တော်က ကျွန်တော့်ကိုယ်ကိုယ် ကာကွယ်တဲ့နေရာမှာ ပြဿနာလုံးဝမရှိဘူး….."

စကားပြောနေချိန်တွင် ယီယွမ်က ဓားအလင်းများစွာကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်၏။ သွေးဆာကောင်းကင်ဝံပုလွေ အရေအတွက်တစ်ခုက နောက်တစ်ကြိမ် လွင့်စင်သွားခဲ့ပြန်သည်။

ယီယွမ်၏နေရာမှ ပြောင်းလဲမှုက ငြိမ်သက်တိမ်တိုက်အဖွဲ့ တပည့်များ၏ တိုက်ခိုက်လိုစိတ်ကို နောက်ဆုံးတွင် မြှင့်တင်ပေးနိုင်ခဲ့ပြီ ဖြစ်၏။ သူတို့တစ်ယောက်ချင်းစီက သူတို့၏ တိုက်ခိုက်မှုစွမ်းအားကို အပြည့်အဝ ထုတ်သုံးပြီး လူရှစ်ယောက်တည်း၏ ခွန်အားဖြင့် သွေးဆာကောင်းကင်ဝံပုလွေ တစ်ရာကျော်ကို အမှန်တကယ် အသာစီးရယူသွားခဲ့ပြီ ဖြစ်သည်။

အချိန်တစ်ခုအတွင်း တအီအီ မြည်သံများနှင့် နာနာကျင်ကျင် အူသံများကို နေရာတိုင်းတွင် ကြားနေခဲ့ရ၏။ သွေးဆာကောင်းကင်ဝံပုလွေ အများအပြား ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။

သို့သော် သွေးဆာကောင်းကင်ဝံပုလွေ များတွင် ထင်ရှားသော သွင်ပြင်လက္ခဏာ နှစ်ရပ်ရှိနေခဲ့၏။ ပထမတစ်ခုက မြင့်မားသော အမြန်နှုန်း ဖြစ်ပြီး ဒုတိယတစ်ခုက ကြမ်းတမ်းသောအရေပြားနှင့် ထူထဲသောအသားတို့ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now