"ဒါပေမဲ့ သခင်မလေး… သခင်မလေးရဲ့ ဝေဒနာက….."

လီအာက သူ၏လက်ကို ဝှေ့ယမ်း၍ ပြောဆိုလိုက်၏။ "ကိစ္စမရှိပါဘူး… ငါ့ရဲ့ ဒီဝေဒနာက ပြန်ကုသပေးနိုင်တဲ့ အချိန်ရောက်တော့မယ်လို့ ခံစားနေရတယ်… အဲဒီကိစ္စက ဆရာယီရဲ့ ဦးခေါင်းပေါ်ကို တင်ပေးလိုက်တော့မယ်….."

ယန်အာက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး ပြောဆိုခဲ့သည်။ "အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… အဲဒါက အဆင့်(8) ဆေးလုံးဖော်မြူလာ

တစ်ခုလေ… ဆရာယီရဲ့ ကျင့်စဉ်နယ်ပယ်နဲ့ သူက အဲဒီဆေးလုံးကို ဘယ်လိုလုပ်ပြီး ဖော်စပ်နိုင်မှာလဲ….."

"ဒါဆိုရင် ဆရာယီက သူ့ရဲ့အသက်အရွယ်နဲ့ အဆင့်(8) ဆေးလုံးဖော်မြူလာကို ဘယ်လိုရရှိလာတယ်လို့ နင်ကထင်လို့လဲ….." လီအာက ပြန်လှန်မေးခွန်းထုတ်လိုက်၏။

"ဒါက… ယန်အာက ဘယ်လိုသိနိုင်မှာလဲ….."

"ဒါကြောင့်ပဲလေ… ဒီဆရာယီရဲ့ နောက်ခံအသိုင်းအဝိုင်းက သေချာပေါက်ကို ရှုပ်ထွေးနေတယ်… ကောင်းပြီ… စကားမပြောတော့နဲ့… ငါကဆုံးဖြတ်ပြီးသွားပြီ….." လီအာက ပြောဆိုခဲ့သည်။

. . . . . .

ဝမ်ဖန်၏ သေဆုံးခြင်းကြောင့် ကြည်လင်ပြတ်သားခြင်း အဖွဲ့၏အင်အားက ပြင်းပြင်းထန်ထန် အားနည်းသွားခဲ့ကြ၏။

ယူဖန်းက အဆင့်(1) ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်၌သာ ရှိနေသေးသည်။ သူ၏ခွန်အားက မိန်ကျန်းထက် အများကြီး ပိုမိုနိမ့်ကျပေ၏။

ဤခရီးတစ်ခုလုံးတွင် ကြည်လင်ပြတ်သားခြင်းအဖွဲ့ ဆုံးရှုံးမှုအကြီးမားဆုံး ဖြစ်ခဲ့ရပြီး အောက်ဆုံးအဆင့် အဖွဲ့အဖြစ် ရောက်ရှိသွားခဲ့ပေသည်။

အဖွဲ့ကြီးများစွာက အတွင်းပိုင်းသို့ ဝင်ရောက်လာသည်နှင့် သူတို့ ရင်ဆိုင်ရသည့် အန္တရာယ်များက ပို၍ မြင့်တက်လာခဲ့၏။

ဤအခြေအနေတွင် အတွင်းပိုင်းအခြေအနေကို သိရှိခြင်းမရှိသည့်  အဖွဲ့ကြီးများစွာ၏ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ထူးချွန်သူများက အနည်းနှင့်အများပင် ဆုံးရှုံးမှုအချို့ ကြုံတွေ့ခဲ့ရသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now