ဝမ်ဖန်က ကန်ဟွာဓားကို မြင်လိုက်ချိန်တွင် သူ၏မျက်လုံးထဲမှ လောဘအငွေ့အသက်များကို ထပ်မံထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။ "ကန့်သတ်ချက် ၃၂ခု ဝိညာဉ်မှော်ရတနာ….."

"ဟားဟား… စီနီယာတောင်ကိုလှုပ်ခါသူရဲ့ မျက်လုံးတွေက တကယ်ကို ကောင်းမွန်တာပဲ….." ယီယွမ်က လှောင်ပြောင်ခဲ့သည်။

"ဟားဟား… ကံဆိုးခြင်းကနေ တကယ်ကို အကျိုးကျေးဇူး ရရှိနိုင်တယ်… ကျီးကန်းသစ်ခွမှိုကို ဆုံးရှုံးရပေမဲ့ ကန့်သတ်ချက် ၃၂ခု ဝိညာဉ်မှော်ရတနာ တစ်ခုကို ရရှိတော့မယ်ဆိုတော့ ကောင်းကင်ဘုံက ငါ့ကို တကယ်ပဲ ကောင်းကောင်း ဆက်ဆံလိုက်တာပဲ….." ဝမ်ဖန်က စူးစူးဝါးဝါး ရယ်မောလိုက်၏။

ယီယွမ်က လှောင်ပြောင်၍ ပြောခဲ့သည်။ "ခင်ဗျားရဲ့ အိုမင်းနေတဲ့သွားတွေကို မကျိုးစေနဲ့နော်….."

"ဟမ့်… လျှာစွမ်းထက်တဲ့ ငချွတ်ကလေး… ဒီအဖိုးကြီးက မင်းရဲ့အရိုးတွေ အစိတ်စိတ်ဖြစ်အောင် ချိုးနိူင်မယ် မချိုးနိုင်ဘူးဆိုတာ စောင့်ကြည့်နေလိုက်စမ်း….." ဝမ်ဖန်က အေးစက်စွာဖြင့် လှောင်ပြောင်ခဲ့သည်။

ယီယွမ်က ထွက်ခွာမသွားသည်ကို မြင်သော် သူ၏နှလုံးသားထဲက နာကျင်သွားခဲ့ရပြီး ပြောဆိုလိုက်၏။ "ယီယွမ်... မင်းတို့အားလုံး မြန်မြန်ထွက်သွားကြ… သူတို့မှာ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ထူးချွန်သူနှစ်ယောက် ရှိတယ်… မင်းတို့အားလုံး ဒီမှာရပ်နေတာ သေချင်လို့လား….."

"သွားမယ် ဟုတ်လား… မင်းတို့က ထွက်သွားနိုင်ပါ့မလား….."

ဝမ်ဖန်က သူ့အား မည်သည့်အတွက် အခွင့်အရေး ပေးအပ်နိုင်မည်နည်း။ သူ၏လက်ဖြင့် အချက်ပြလိုက်သည်နှင့် သူ၏တပည့်များက ငြိမ်သက်တိမ်တိုက်အဖွဲ့ လူအုပ်စုကို ဝန်းရံလိုက်ကြသည်။

မိန်ကျန်းက ထိုမြင်ကွင်းကိုမြင်သော် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်မသွားခဲ့၍ မခံမရပ်နိုင်အောင် ဖြစ်သွားခဲ့ပြီး ဒေါသတကြီး ပြောဆိုလိုက်၏။ "မင်းတို့ကောင်တွေကွာ… ဟူးးး….."

သို့သော် ယီယွမ်က မထူးခြားနားသော အကြည့်ဖြင့် ကြည့်၍ သူက အသံကို လျှို့ဝှက်ပို့ဆောင်နည်းဖြင့် ပြောဆိုခဲ့သည်။ "စိတ်အေးအေးထားပါ… အကြီးအကဲမိန်ကျန်း… ဆက်ပြီးစောင့်ကြည့်ပေးပါ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now