ယီယွမ်ညွှန်းဆိုသော သူငယ်ချင်းဆိုသည်မှာ နန်ဖိန်ဇီရိုကို ဆိုလိုခြင်းဖြစ်၏။ သို့ရာတွင် ဤယန်အာနှင့် နန်ဖိန်ဇီရိုက ကွာခြားချက်အချို့ ရှိနေပေသည်။ သူမတွင် မင်းသမီးတစ်ယောက်၏ ဟန်ပန်အမူအရာမျိုး ရှိမနေခဲ့ပေ။

ဤယန်အာ၏ ဒေါသက ငြိမ်သက်တိမ်တိုက်အဖွဲ့မှာ အေးအေးဆေးဆေး ရပ်ကြည့်နေခဲ့ပြီး သူမတို့၏ ကိစ္စထဲတွင် လက်တွဲပါဝင်ခြင်း မရှိခဲ့၍့ဖြစ်ကြောင်း ယီယွမ်က ကောင်းစွာသိရှိပေ၏။

အမှန်တကယ်တွင် သိုင်းပညာရှင်လောက၌ ဤကဲ့သို့ ဝမ်းနည်းမှုမျိုးက အမှန်တကယ်ပင် ပုံမှန်မဟုတ်သော အရာတစ်ခု ဖြစ်ပေသည်။

ဤယန်အာက ကမ္ဘာကြီးသို့ စတင်ဝင်ရောက်လာသော အပျံသင်စ ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ အရာတိုင်းကို သိရှိနားလည်ခြင်း မရှိသေးဘဲ အစိမ်းသက်သက် ဖြစ်နေခဲ့၏။

ယန်အာက ယီယွမ်ကို စိုက်ကြည့်၍ ရုတ်တရက် ပြောဆိုလိုက်သည်။ “ကောင်းပြီ… ကျွန်မ သူတို့ကို ခွင့်လွှတ်ပါတယ်… စောစောက ကျွန်မရဲ့ စကားတွေကို ပြန်ရုတ်သိမ်းပါတယ်… မိစ္ဆာသားရဲတွေက သူတို့ကို စားမသွားပါစေနဲ့…..”

ဤစကားများကိုကြားချိန်၌ ယီယွမ်ကိုယ်တိုင်ပင် ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး တိတ်ဆိတ်နေနိုင်ခြင်း မရှိတော့ပေ။ သူကလက်ခုပ်တီး၍ ပြောခဲ့၏။ “ဒါဆိုရင်တော့ စီနီယာတွေကိုယ်စား ကျွန်တော်ကပဲ ယန်အာမိန်းကလေးကို ကျေးဇူးတင်ရပါလိမ့်မယ်…..”

ရုပ်ဆိုးသောမိန်းကလေးက အရိုအသေပေး၍ တောင်းပန်လိုက်သည်။ “ယန်အာက မသိတတ်သေးလို့ပါ… သခင်လေးက အပြစ်မယူပါနဲ့…..”

ယီယွမ်က အားပါးတရ ပြုံး၍ ပြောခဲ့၏။ “ယန်အာမိန်းကလေးက ပွင့်လင်းတဲ့လူစားမျိုးဖြစ်ပြီး ဘယ်ဟာကို ချစ်ရမယ် ဘယ်ဟာကို မုန်းရမယ်ဆိုတာ ကောင်းကောင်းသိတာပဲ… ကျွန်တော်က သူမပြောစကားတွေကို ဘာလို့ဒေါသထွက်ရမှာလဲ…..”

စကားပြောနေချိန်တွင် ယီယွမ်က ရုပ်ဆိုးသောမိန်းကလေးဆီသို့ အကြည့်ရောက်သွားခဲ့သည်။ သူမက အမှန်တကယ်ပင် အတော်ကလေး ရုပ်ဆိုးလှပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now