“ဘာလဲ… ခန်းမခေါင်းဆောင်ရှောင်က ကျုပ်ကို မကျေနပ်တာ အချို့ ရှိနေတယ်နဲ့တူတယ်… လာလေ… လာပါ… လာ… ခင်ဗျားက ကျုပ်ဆရာ လာရောက် လက်တုံ့ပြန်မှာကို မကြောက်ဘူး
ဆိုရင်ပေါ့လေ…..”

ရှောင်ကျင့်၏ ဒေါသထွက်နေသော အမူအရာကို မြင်လိုက်ချိန်တွင် သံတမန်က ကြောက်ရွံ့ရမည်ကို မသိရှိခဲ့ပေ။ ထိုအစား သူကသူ၏ဆရာအကြောင်းပါ ထုတ်ပြောခဲ့ပြီး သူ၏မောက်မာမှုကလည်း ပို၍ပင် ပြင်းထန်ဆိုးရွားလာခဲ့၏။

အမှန်တကယ်တွင် လျှိုချင်ဖန်ကလည်း သူ၏စိတ်ထဲမှ အကန့်အသတ်အထိ ရောက်ရှိအောင် ဒေါသထွက်နေခဲ့ပြီးဖြစ်သည်။ သို့သော် အဖွဲ့အရှင်သခင် တစ်ယောက်အနေဖြင့် သူ့တွင်ရွေးချယ်စရာမရှိခဲ့ဘဲ ဒေါသကိုမျိုသိပ်၍ သည်းခံနေရန်သာ တတ်နိုင်ခဲ့၏။

ဤသံတမန်က သူနှင့်ရှောင်ကျင့်ကို ကောင်းမွန်စွာသိရှိသော်လည်း သူတို့က ဤသံတမန်အား တစ်ခါမှ မမြင်ဘူးခဲ့ပေ။ ထို့ကြောင့် သူ၏ဆရာသခင်က မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သူတို့လည်း မသိရှိကြပေ။

“ရှောင်ကျင့်… မင်းကအရင်ဆုံး ထွက်သွားလိုက်ပါ…..”

“အဖွဲ့အရှင်သခင်…..”

“ထွက်သွားလိုက်…..”

ရှောင်ကျင့်က အံကိုတင်းတင်းကြိတ်ပြီး သူ၏အင်္ကျီလက်စကို ခါယမ်း၍ ထွက်ခွာသွားခဲ့သည်။

ရှောင်ကျင့်က ထွက်ခွာသွားသည်ကို မြင်သော် လျှိုချင်ဖန်က သံတမန်ဘက်သို့ လှည့်၍ မေးမြန်းလိုက်၏။ “မင်းရဲ့ဆရာက…..”

လျှိုချင်ဖန်က ဒေါသအနည်းငယ်ပင် မထွက်ရဲသည်ကို မြင်သော် သံတမန်က သူ၏စိတ်ထဲ၌ တိတ်တဆိတ်ပင် ပို၍ကျေနပ်သွားခဲ့သည်။ သူ၏မောက်မာမှုကလည်း ကောင်းကင်အထိ ရောက်ရှိနိုင်လောက်အောင်ပင် မြင့်တက်လာခဲ့၏။

“ကျုပ်ရဲ့ဆရာက ချီကျိုးထောင်… ကျုပ်ကဆရာ့ရဲ့ တိုက်ရိုက်တပည့် လီကျန်းယုပဲ…..” လီကျန်းယုက ဂုဏ်ယူဝံ့ကြွားသည့် အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။

ဂျုနီယာတစ်ယောက်၏ ရှေ့မှောက်တွင် လျှိုချင်ဖန်က သူ့ကိုယ်သူ အရူးတစ်ယောက်ကဲ့သို့ ဖြစ်မသွားစေရန် ထိန်းချုပ်ထားနိူင်ခဲ့သော်လည်း သူ၏စိတ်ထဲ၌ အထိတ်တလန့်ဖြစ်သွားခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now