ထိုအကြောင်းကို ပြောနေချိန်တွင် ယီယွမ်က ကူရာကယ်ရာကင်းမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

ပြောရမည်ဆိုလျှင် ဓားစိတ်ဆန္ဒနှင့် ယှဉ်လိုက်ပါက ယီယွမ်၏ လက်သီးအဆင့် ချိုးဖျက်တက်ရောက်မှုက မီးဓာတ်သဘာဝနှင့် ဖြစ်သင့်ပေ၏။ မည်သို့ပင်ဆိုစေကာမူ သူ၏ယခင်ဘဝ တစ်ခုလုံး၌ မီးနှင့်အမြဲ ထိတွေ့နေခဲ့ရာ မီးဓာတ်သဘာဝနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေခဲ့သည်။

သို့သော် ယခင်ဘဝတွင် ဂျိချင်ယွင်က ကျင့်ကြံခြင်းတွင် လုံးဝစိတ်ဝင်စားခြင်း မရှိ၍ မီးဓာတ်သဘာဝကို နားလည်ခဲ့ခြင်းမရှိပေ။

ဤဘဝတွင် သူက အခွင့်အရေးရသဖြင့် ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို ဖြတ်ကျော်ခဲ့ရ၏။ ယီယွမ်က သူ၏ကိုယ်ပိုင် နားလည်သဘောပေါက်မှုကို အမှီပြု၍ ဓားစိတ်ဆန္ဒများကို ချက်ချင်း ပေါင်းစည်းလိုက်ပြီး အန္တိမအစစ်အမှန်အသိ၏ အခြေခံအဆင့်ကို ဖြစ်ပေါ်စေလိုက်ခြင်း ဖြစ်သည်။

ဤအချိန်ကာလအတွင်း ယီယွမ်က သူ၏အချိန်များကို ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ရန် အသုံးပြုထားခဲ့ပြီး အလွန့်အလွန် အစွမ်းထက်သော ဓားသိုင်းကွက်နှစ်ခုကို တီထွင်နိုင်ခဲ့၏။ ဓားကိုးချောင်းဓားကွက်နှင့် ပွင့်ဖတ်တစ်ထောင်စီးဆင်းခြင်း သိုင်းကွက်တို့ ဖြစ်သည်။

သို့သော် သူက ဤမျှအထိ အချိန်ကြာမြင့်အောင် ဝိညာဉ်ဘရစ်စတယ် ဒီဗိုင်းသိုင်းပညာရပ်ကို ကျင့်ကြံနေခဲ့သော်လည်း သူက မီးဓာတ်သဘာဝ အစစ်အမှန်အသိ တစ်ခုကိုပင် နားလည်နိုင်စွမ်း မရှိခဲ့ပေ။

သိရမည့်အချက်မှာ
ဝိညာဉ်ဘရစ်စတယ် ဒီဗိုင်းဘုရင်က ဤကျင့်ကြံခြင်းပညာရပ်တစ်ခုတည်းကို အမှီပြု၍ အန္တိမအစစ်အမှန်အသိ များစွာကို နားလည်သဘောပေါက်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။

ဤကျင့်ကြံခြင်းပညာရပ်၏ အစွမ်းကို တစ်ချက်ကြည့်ရုံဖြင့် ထင်ရှားစွာ မြင်တွေ့နိုင်သည်။

သို့သော် အစစ်အမှန်အသိကို နားလည်သဘောပေါက်ရန်မှာ အခါအားလျော်စွာ ကြုံတွေ့ရသော ကံကောင်းထောက်မမှုမျိုး ရှိနေရန် လိုအပ်ပေ၏။ ယီယွမ်က ဤအခွင့်အရေးနှင့် ကံကောင်းထောက်မမှုမျိုးကို တစ်ချိန်လုံး ရှာမတွေ့ခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now