ရိုးရိုးသားသား ပြောဆိုရမည်ဆိုလျှင် မူလက ယီယွမ်ကို ထျန်းယွီက အနည်းငယ် အထင်သေးထားခဲ့ပေသည်။ သို့သော် ယီယွမ်က အစစ်အမှန်အသိ၏ အခြေခံအဆင့်ကို နားလည်အောင်မြင်သွားသည်ဟု ကြားလိုက်ရပြီးနောက် ဤအထင်သေးမှုက လုံးဝပင် ပျောက်ပျက်သွားခဲ့ပြီ ဖြစ်၏။

အစစ်အမှန်အသိ၏ အခြေခံအဆင့်ကို နားလည်အောင်မြင်သွားသော လူအားလုံးက ထူးခြားသည့်ဂျီးနီးယပ်များ ဖြစ်ကြပေသည်။

ထို့ပြင် အစစ်အမှန်အသိကို နားလည်ထိတွေ့လိုက်ပြီးနောက် အဆင့်များကို ကျော်လွန်၍ ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ ထမင်းစားရေသောက်သလို လွယ်ကူသွားပြီဖြစ်၏။

ဤဒုတိယအဆင့်ပြိုင်ပွဲတွင် ယီယွမ်၏ပြိုင်ဖက်အကြောင်း အကြီးအကဲဖန်းဆီမှ ထျန်းယွီက သိရှိခဲ့ရပြီးဖြစ်သည်။ ဝမ့်တုန်၏ ခွန်အားက အလွန်အမင်း သန်မာခြင်းမရှိသော်လည်း ယီယွမ်ကို ချက်ချင်း ရှုံးနိမ့်သွားခဲ့မှုက ယီယွမ်တွင် လျှို့ဝှက်ချက်များ ရှိနေကြောင်းကို ညွှန်ပြနေခဲ့၏။

ယီယွမ်က အမှန်တကယ်ပင် သူနှင့်တစ်တန်းတည်းထိုင်၍ တာအိုအကြောင်း ဆွေးနွေးရန် အဆင့်ပြည့်မီပေသည်။

ထန်ယုအာ၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့၏။ ထျန်းယွီက ထိုသို့ ယှဉ်ပြိုင်လိုသော အငွေ့အသက်များ ရှိနေသည်ကို သူမက တစ်ကြိမ်တစ်ခါမှ မြင်ဖူးခဲ့ခြင်း မရှိပေ။

ထျန်းယွီက အဲဒီထူးဆန်းတဲ့ နံပါတ်၅၂ကို တိုက်ခိုက်ရဖို့ တော်တော်လေး စိတ်အားတက်ကြွနေတာတော့ မဟုတ်လောက်ပါဘူးနော်…..

ဒါပေမဲ့ အဲဒါက ဖြစ်နိုင်လို့လား…..

ဒီအဖွဲ့က တပည့်တွေအားလုံးရဲ့ ခွန်အားကို လူတိုင်းက သိနေခဲ့တာ ကြာပြီမဟုတ်လား… ထင်ပေါ်ကျော်ကြားလာနိုင်တဲ့ လူတွေကလည်း နာမည်ကျော်ကြားနေကြပြီလေ… သူတို့ကဘာလို့ အခုအချိန်အထိ စောင့်ဆိုင်းနေခဲ့မှာလဲ…..

ဒီနံပါတ်၅၂က လူသစ်လေး ဖြစ်နေမလား…..

ထန်ယုအာ၏ ခွန်အားနှင့် အဆင့်အတန်းအရ သူမ၏ အာရုံက လက်ရွေးစင်တပည့်များ အတွင်း၌သာ အမြဲတမ်း စူးစိုက်နေခဲ့သည်။ အဖွဲ့သို့ အသစ်ဝင်ရောက်လာသော တပည့်များကို သူမက စိတ်ဝင်စားလေ့လာခြင်းမရှိပေ။ သူမက ပုံမှန်အားဖြင့် ယီယွမ်နှင့်လောင်ထန်တို့ကို မသိရှိပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now