ရှောက်ယွင်က များပြားလှသော ဆေးလုံးခန်းမ အကြီးအကဲများတွင် ကျော်ကြားသောသူများမှ တစ်ယောက်ဖြစ်သည်။ သူ၏ပုံရိပ်က မြေကမ္ဘာအုပ်စုတန်းလျားတွင် ပေါ်ပေါက်လာသည်နှင့် တပည့်အများအပြားက သူ့အားချက်ချင်း မှတ်မိသွားကြ၏။

“တပည့်လီမင်က အကြီးအကဲရှောက်ယွင်ကို ဂါရဝပြုပါတယ်…..” အဆင့်(8) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် တပည့်လေးတစ်ယောက်က လေးလေးစားစား ပြောဆိုလိုက်သည်။

ရှောက်ယွင်က သူ၏စိတ်ထဲတွင် အနည်းငယ် စိတ်ကျေနပ်သွားခဲ့သော်လည်း သူကအာဏာသံဖြင့် ပြောခဲ့၏။ “အင်း… မင်းကအချိန်ကိုက် ရောက်လာတာပဲ… ယီယွမ်က ဒီမှာနေတာနော်… ဟုတ်လား…..”

လီမင်က တွေဝေသွားခဲ့သည်။ “ယီယွမ်တဲ့လား… ဒီနာမည်ကို တကယ်ပဲ မရင်းနှီးဘူး… သူကလူသစ်လေးများလား… အမ်… လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူသစ်လေးတစ်ယောက် ရောက်လာတယ်… သူကရောက်လာတာနဲ့ ချက်ချင်းပဲ စီနီယာအစ်ကိုစင်းရဲ့ ညီငယ်လေးကို ရိုက်နှက်ခဲ့တယ်…..”

ဤအချိန်တွင်တော့ ရှောက်ယွင်က အံ့အားသင့်သွားရသည့် အလှည့်ဖြစ်ပေ၏။ “သူဝင်ရောက်လာလာခြင်း အခြားသူတွေနဲ့ တိုက်ခိုက်ခဲ့တာလား… တကယ်ကို ပြဿနာကောင်တစ်ယောက်ပဲ…..”

ရှောက်ယွင်က တွေဝေနေသည်ကို လီမင်ကမြင်သော် ရှောက်ယွင်က ယီယွမ်နှင့် ပဋိပက္ခဖြစ်ရန် လာရောက်ခြင်းဟု ထင်မြင်လိုက်သည်။ သူကအလျင်အမြန်ပင် ပြောဆိုခဲ့၏။ “ယီယွမ်က ဒီနေရာမှာ ခြံဝင်းနံပါတ် ၇၂ မှာ နေထိုင်ပါတယ်… အခုချက်ချင်းပဲ အကြီးအကဲရှောက်ကို အရိုအသေလာပေးဖို့ ကျွန်တော်သွားခေါ်လိုက်ပါ့မယ်…..”

အကြီးအကဲက ယီယွမ်ကိုရှာဖွေရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည်။ တပည့်တစ်ဦးအနေဖြင့် သူကရှောက်ယွင်ကို ကြိုဆိုရန် လာရောက်ရပေမည်။ စကားအဆုံး၌ ရှောက်ယွင်၏ ပြန်လည်ပြောဆိုသော စကားကိုပင် မစောင့်ဆိုင်းတော့ဘဲ လီမင်က ခြံဝင်းနံပါတ် ၇၂ကို ရုတ်ချည်းပင် သွားရောက်ခဲ့ပေ၏။

မူလက လီမင်ကို ရပ်တန့်ရန် ရှောက်ယွင်က ဆန္ဒရှိခဲသေ့ာ်လည်း အခြားအကြောင်းတစ်ခုကို တွေးလိုက်မိပြီးနောက် သူကထိုအရာကိုမတားဆီးရန် ဆုံးဖြတ်လိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now