အမှုသည်တစ်ဦးအနေဖြင့် ယီယွမ်က လင်ဖိုထျန်းကို တည်ငြိမ်သောအကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး ဤသို့ပြောခဲ့မှုကို အံ့အားသင့်သွားခဲ့ခြင်း မရှိပေ။

"ယီယွမ်... မင်းက စစ်မှန်သော စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံးရဲ့ ဆေးဖော်မြူလာတွေကို ဘယ်နေရာကနေ ရရှိခဲ့တာလဲ... အခုအချိန်မှာ ရိုးရိုးသားသား ဝန်ခံခဲ့မယ်ဆိုရင် ငါတို့ကအပြစ်ပေးတဲ့နေရာမှာ သနားညှာတာပေးလို့ ရသေးတယ်နော်... ဒီလိုမှမဟုတ်ဘူးဆိုရင်တော့....." အိုးရန်မင်က နောက်တစ်ကြိမ် ထပ်မံပြောဆိုခဲ့သည်။

ဆေးလုံးဖော်မြူလာကို တိုးတက်လာစေရန်အတွက် ဆေးလုံးခန်းမက လူသားအရင်းအမြစ် အများအပြားနှင့် ပစ္စည်းအရင်းအမြစ် အများအပြားကို အသုံးပြုခဲ့ရ၏။ မကြာသေးခင်က တိုးတက်အောင် အဆင့်မြှင့်ထားခဲ့သော ဆေးဖော်မြူလာကို ခိုးယူခြင်း ခံလိုက်ရမှုက ငြိမ်သက်တိမ်တိုက်အဖွဲ့အား ထိခိုက်မှု ကြီးကျယ်သွားမည်ကို သံသယရှိနေစရာမလိုပေ။

ယီယွမ်က ကူရာကယ်ရာကင်းမဲ့နေသော မျက်နှာဖြင့် ရှိနေခဲ့သည်။ ဤဆန်ကုန်မြေလေးကြီးများက အမှိုက်အချို့ကို ရတနာတစ်ခုအဖြစ် ယူဆသတ်မှတ်ထားခဲ့ကြသည့်အပြင် သူတို့၏
ဆေးလုံးဖော်မြူလာများကို အခြားသူက ခိုးယူနေသည်ဟုပင် အပြစ်တင်နေခဲ့၏။ အမှန်တကယ်ပင် အသုံးမကျသောသူများ ဖြစ်ကြသည်။

"ကျွန်တော်သိနေခဲ့တာ အစောကြီးကတည်းကလို့ ပြောရင် ခင်ဗျားတို့အားလုံးက ယုံကြည်ကြမှာမဟုတ်ဘူးလေ... ဟုတ်တယ်မလား....." ယီယွမ်က ကူရာကယ်ရာကင်းမဲ့စွာဖြင့် ပြောဆိုလိုက်၏။

ထိုအရာက အမှန်အတိုင်းဖြစ်သော်လည်း ထိုစကားကို ကြားလိုက်ရသူများက ယုံကြည်ကြမည်မဟုတ်ပေ။

အမှန်တကယ်တွင်လည်း ယောင်ချမ်က အေးစက်စွာဖြင့် လှောင်ပြောင်ပြောဆိုခဲ့သည်။ "မင်းပြောလိုက်တဲ့အဓိပ္ပါယ်က မင်းကတန်ခိုးရှင်တစ်ဦးလို့ ဆိုလိုတာလား... မင်းကအသိပညာတွေနဲ့ မွေးဖွားလာခဲ့တာပေါ့လေ... ဘယ်လိုဟာသမျိုးလဲကွာ....."

"ယီယွမ်... မင်းကအာသွက်လျှာသွက်နဲ့ ပေါက်တတ်ကရတွေ ဆက်ပြီးပြောနေမယ်ဆိုရင်တော့ ဒီကြားနာစစ်ဆေးခြင်းကို ဆက်လက်လုပ်ဆောင်နေစရာ မလိုတော့ဘူး... ငါတို့ကမင်းကို အခွင့်အရေးပေးနေတာနော်... ဒါကြောင့်မင်းက ဒီနေရာမှာ စကားပြောခွင့် ရရှိနေတာပဲ....." အိုးရန်မင်က အေးစက်စွာပြောဆိုလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now