ဒန်ဝူအကယ်ဒမီတွင် အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်မှာ အလွန်အဆင့်မြင့်သော အဆင့်အတန်းဖြစ်သည်။ သို့သော်အဖွဲ့တွင်မူ သူတို့က အခြားသူများ၏ ဖိနပ်ကိုင်ပေးရန်ပင် အဆင့်မမီပေ။ ပုံမှန်အားဖြင့် သူတို့က ယီယွမ်ကို အဖွဲ့၏အကြီးအကဲများ အဆက်အသွယ်ဖြင့် ဝင်ရောက်လာခြင်းဖြစ်မည်ဟုသာ ထင်မြင်ခဲ့ကြ၏။

ယီယွမ်နှင့်အဖွဲ့က တောင်တက်လမ်းပေါ်တွင် နှစ်နာရီခန့် လမ်းလျှောက်ပြီးမှသာ နောက်ဆုံး၌ လက်ရာမြောက်လှသော ဗိသုကာအဆောက်အအုံများကို မြင်လိုက်ရပေသည်။

ယီယွမ်မှလွဲ၍ အခြားသူများက အဖွဲ့၏လူနေမှုပတ်ဝန်းကျင်ကို သိချင်စိတ်အပြည့်ဖြင့် ဘေးပတ်ဝန်းကျင်လို လှည့်ပတ်ကြည့်လိုစိတ်အား ထိန်းချုပ်မထားနိုင်ခဲ့ပေ။

ထိုအချိန်၌ တပည့်တစ်ဦးဖြစ်ဟန်ရသည့် လူငယ်လေးတစ်ယောက် ရောက်ရှိလာပြီး မိုယုထန်ကို အရိုအသေပေး၍ ပြောဆိုခဲ့၏။ “စီနီယာအစ်ကိုကြီးမို…..”

“ကျန်းကျင့်ပါလား… ကောင်းတယ်ကွာ… သူတို့တွေက ချင်နိုင်ငံရဲ့ ဒန်ဝူအကယ်ဒမီက ဂျူနီယာညီလေး ညီမလေးတွေပဲ… အချင်းချင်းမိတ်ဆက်လိုက်ကြပါဦး…..” မိုယုထန်က ပြောလိုက်သည်။

မိုယုထန်က နှစ်ဖက်စလုံးကို တစ်ဦးချင်းစီမိတ်ဆက်ပေးခဲ့သည်။ ယီယွမ်နှင့်အခြားလူများကလည်း ကျန်းကျင့်ကို နှုတ်ဆက်ခဲ့ကြ၏။

ဤကျန်းကျင့်မှာ အဆင့်(9)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး အတွင်းစည်းတပည့်များတွင် သူ၏အဆင့်အတန်းက ထိပ်တန်းတွင် ရှိပေသည်။

မိုယုထန်၏မိတ်ဆက်ပေးမှုကို ကြားလိုက်ရသောအခါ ကျန်းကျင့်က အံ့အားသင့်စွာပြောဆိုခဲ့၏။ “ဂျူနီယာညီမလေးနန်ဖိန်က ဒီလိုငယ်ရွယ်သေးတဲ့အသက်အရွယ်မှာတောင် အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်မာစတာတစ်ဦးဖြစ်နေခဲ့ပြီပဲ… ဆေးလုံးခန်းမရဲ့ အတွင်းစည်းတပည့်တွေကြားမှာဆိုရင်တောင် မင်းရဲ့ခွန်အားက မြင့်မားနေသေးတာပဲ… ဘာလို့မင်းက အဖွဲ့ကိုဒီနေ့မှ ဝင်လာရတာလဲ…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now