စူးယူလင်က အေးစက်စက်ရယ်မော၍ ပြောဆိုလိုက်သည်။ “အဲဒီလိုဟုတ်ရဲ့လား… မင်းတို့နန်ဖိန်မိသားစုအတွက် ညီအစ်ကိုယီဟန်က ဘယ်လောက်တောင် ကြိုးစားအားထုတ်ပေးခဲ့ရတာလဲ… ဒါပေမဲ့ မင်းတို့အားလုံးက သူ့ကိုဘာတွေပြန်လုပ်ပေးခဲ့ကြတာလဲ… ဘယ်လိုလုပ်ပြီး သူ့ကိုကျေးဇူးဆပ်ကြမှာလဲ…..”

“ဂေဟာသခင်ယီ… စူးယူလင်ရဲ့ အခြေအမြစ်မရှိတဲ့စကားတွေကို နားမထောင်ပါနဲ့… သူကအောင်ပွဲကို သူ့လက်ထဲမှာရောက်နေပြီလို့ ထင်နေတယ်… ဒါပေမဲ့ အင်ပါရီယာအစ်ကိုတော်က ပြင်ဆင်မှုတွေ ပြုလုပ်ပြီးပြီဆိုတာ သူမသိသေးဘူး… အခုအခ်ျိန်မှာ အင်ပါရီယာအစ်ကိုတော်က စစ်ကူတွေသွားခေါ်နေတယ်… စစ်ကူတွေရောက်လာတာနဲ့ စူးယူလင်က ပြေးစရာမြေမရှိတော့ဘဲ သေချာပေါက် သေဆုံးရလိမ့်မယ်…..”နန်ဖိန်လျှိုချင်က ပြောဆိုခဲ့၏။

“ဟားဟားဟား… ဒေဝီထိပ်ထားမင်းသမီး… မင်းသမီးပြောလိုက်တဲ့စစ်ကူက ကြီးမြတ်သောချင်နဂါးကိုယ်ရံတော် တပ်ဖွဲ့ကိုပြောနေတာမလား… ဟုတ်တယ်နော်…..” စူးယူလင်က အားပါးတရ ရယ်မောလိုက်သည်။

သူမကထိုစကားကို ကြားလိုက်ချိန်တွင် နန်ဖိန်လျှိုချင်၏မျက်နှာက ပြောင်းလဲသွားခဲ့၏။

ကြီးမြတ်သောချင်နဂါးကိုယ်ရံတော်တပ်ဖွဲ့က ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ စူးယူလင်က မည်သို့သိရှိသွားခဲ့သနည်း။

“ဒေဝီထိပ်ထားမင်းသမီးက ကြီးမြတ်သောချင်နဂါးကိုယ်ရံတော်တပ်ဖွဲ့အကြောင်း ငါဘယ်လိုသိလာတာလဲဆိုတာ အလွန်သိချင်နေပြီမလား… ငါ့ကိုရင်ဆိုင်ဖို့အတွက် နန်ဖိန်ရီက တိတ်တဆိတ်ပဲ အဖွဲ့တစ်ဖွဲ့ကို လေ့ကျင့်ပေးထားတယ်လေ… အဲဒီအဖွဲ့မှာ လူနှစ်ရာပါဝင်ပြီးတော့ လူတိုင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်ရှိနေခဲ့ကြပြီ… အဲ့လိုအင်အားစုကြီးနဲ့ဆိုရင် အခြားသူတွေပျောက်ကွယ်သွားတော့မတတ် အစွမ်းထက်လှပါပေတယ်…..” စူးယူလင်၏ လေးစားစွာပြောဆိုမှုက လှောင်ပြောင်သံများ ပါဝင်နေခဲ့၏။

နန်ဖိန်လျှိုချင်၏ စိတ်ဓာတ်က အောက်ဆုံးထိ ကျဆင်းသွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now