“အဲဒါဆိုရင် ကောင်းပြီလေ… မင်းကအခုယီယွမ်ကို ဒီနေရာကနေ ခေါ်သွားလိုက်တော့… ယီဟန်… တကယ်လို့မင်းက ဒီနေ့ကိစ္စတွေကို စ်ိတ်ထဲမှာ မှတ်သားမထားဘူးဆိုရင် မင်းလည်းထွက်သွားနိုင်တယ်… အနာဂတ်မှာ မင်းရဲ့ သင်းရနံ့ဆေးဂေဟာကို မြို့တော်မှာ ဆက်လက်ပြီး စီးပွားရေးလုပ်လို့ရပါတယ်… ငါကမင်းအတွက် ကိစ္စလေးတွေကို ခက်ခဲအောင်မလုပ်ပါဘူး…..” စူးယူလင်က ထိုသို့ပြောဆိုလိုက်ရာ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

ဝမ်ဒွန်ဟိုင်၏ မျက်နှာက ထိုစကားကို ကြားချိန်တွင် အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး ကပျာကယာ ပြောဆိုခဲ့၏။ “အစ်ကိုယူလင်…..”
 
သူကစကားဆက်၍ ပြောဆိုတော့မည့်အချိန်တွင် စူးယူလင်က တားဆီးလိုက်သည်။

“ညီလေးဒွန်ဟိုင်… အခုအံ့မခန်းကြီးကျယ်လှတဲ့ အချိန်အခါရောက်နေပြီမို့ ငါတို့က ကြီးကျယ်မြင့်မြတ်လှတဲ့ သဘောထားကို ပြသပေးရမယ်လေ… ငါတို့က နန်ဖိန်မိသားစုကို အောက်ဆွဲချနိုင်ပြီဆိုရင် ယီဟန်က တို့အဖွဲ့ကို ယှဉ်ပြိုင်နိုင်ပါတော့မလား…..” စူးယူလင်က လျှို့ဝှက်ပြောဆိုခဲ့၏။

ဝမ်ဒွန်ဟိုင်က ထိုစကားကိုကြားပြီးနောက် မကျေနပ်ချက်အချို့ ရှိနေခဲ့သော်လည်း သူကထပ်၍မပြောတော့ပေ။

ယီဟန်က မည်သည့်စကားမှ ပြောဆိုခဲ့ခြင်းမရှိပေ။ သို့သော်လည်း နန်ဖိန်လျှိုချင်နှင့် နန်ဖိန်လွေတို့က အသာငြိမ်၍မနေနိုင်ခဲ့တော့ပေ။

“စူးယူလင်ရဲ့ထောင်ချောက်ထဲ ကျမသွားစေပါနဲ့ ဂေဟာသခင်ယီ… ဒါကမူမမှန်တဲ့အကြောင်းပြချက်နောက်ကွယ်က အကြံအစည်ပဲ… တကယ်လို့ နန်ဖိန်မိသားစုက အာဏာမရှိတော့ဘူးဆိုရင် သူတို့က ဂေဟာသခင်ယီကို အလွတ်ပေးမှာမဟုတ်တော့ဘူး…..” နန်ဖိန်လျှိုချင်က အရေးတကြီးပုံစံဖြင့် ပြောဆိုလိုက်သည်။

“ညီအစ်ကိုယီဟန်…. ငါတို့က ဒီလောက်နှစ်တွေအများကြီးကြာအောင် ရင်းနှီးခဲ့ကြပြီ… ဒီလိုအဆင့်နိမ့် လှည့်စားမှုမျိုးအောက်မှာ ကျရှုံးမသွားစေပါနဲ့…..” နန်ဖိန်လွေကို ပြောဆိုခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now