အဖွဲ့က ဤအချက်ကို မေ့ထားလိမ့်မည်မဟုတ်ပေ။

သာမန်ကမ္ဘာလေးတစ်ခု၏ ပြည့်ရှင်မင်းနေရာအတွက် ပဋိပက္ခများမှာ အဖွဲ့အတွက် သာမန်ကိစ္စတစ်ခုသာဖြစ်သည်။ မည်သူက ပြည့်ရှင်မင်းဖြစ်လာပါစေ သူတို့၏အခွန်အခများက လျော့ပါးသွားမည်မဟုတ်ပေ။

“နောက်ဆုတ်စမ်း…..” စူးယူလင်က ယီဟန်ကို လက်ဝါးတစ်ချက်ဖြင့် ဖိအားပေး၍ အော်ဟစ်လိုက်၏။

ဟုရန်ယွမ် မမျှော်လင့်ဘဲ ရောက်ရှိလာမှုက အခြေအနေတစ်ခုလုံးကို ပို၍သိမ်မွေ့သွားစေခဲ့သည်။ စူးယူလင်က ယီဟန်နှင့် နောက်ထပ်အချိန်မဖြုန်းလိုတော့ပေ။

ယီဟန်ကလည်း ယီယွမ်၏ အန္တရာယ်ကင်းမှုအတွက် စိတ်ပူနေခဲ့၍ စူးယူလင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုစိတ်မရှိတော့ပေ။ တစ်ချက်ခုန်လိုက်ပြီးနောက် သူကယီယွမ်၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့၏။

ယီယွမ်က လက်ရှိအချိန်တွင် ပြန်လည်ကောင်းမွန်လာစေရန် ကုသနေခဲ့ပြီး သူ၏မျက်နှာအမူအရာက ဖြူဖျော့နေရာမှ တဖြည်းဖြည်း သွေးရောင်လွှမ်းလာခဲ့သည်ကို မြင်ခဲ့ရမှသာ သူ၏စိတ်အတွင်းမှ ခဲအကြီးကြီးဆွဲထားသလို ခံစားချက်ကြီးက ပျောက်ကွယ်သွားခဲ့သည်။

စူးယူလင်၏ မျက်နှာအမူအရာက ကောင်းမွန်ခြင်းမရှိတော့ပေ။ သူ၏မျက်လုံးအကြည့်များက ဟုရန်ယွမ်ဆီသို့ ရောက်ရှိသွားခဲ့ပြီး ရေခဲတမျှအေးစက်နေသောအသံဖြင့် ပြောဆိုလိုက်၏။ “မင်းကစောစောကပြောလိုက်တာ မင်းရဲ့ကျောင်းသား ယီယွမ်ကို ကာကွယ်ဖို့အတွက်ပဲ ဒီနေရာကို ရောက်ရှိလာတာလို့လား…..”

“ဟုတ်တယ်…..” ဟုရန်ယွမ်က ထိုအချက်ကို မငြင်းဆန်ခဲ့ပေ။

“အဲဒါက ငါတို့ယီယွမ်ကို တစ်စက်ကလေးမှ မထိခဲ့ဘူးဆိုရင် မင်းကဒီနေ့ကိစ္စတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ဆိုလိုတာလား…..” စူးယူလင်က ဟုရန်ယွမ်ကို မီးဝင်းဝင်းတောက်သော အကြည့်များဖြင့် ကြည့်၍ပြောဆိုလိုက်ပေသည်။

“အဲဒီလိုအဓိပ္ပါယ်ပါပဲ…..” ဟုရန်ယွမ်က အနည်းငယ်ခန့် တွေးတောနေခဲ့ပြီးမှ ပြောဆိုခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now