ကျွန်မက အနောက်၌ကွယ်ထားသော ခါးတစ်ဝက်ခန့် ကြီးသည့် ပန်းရောင်အင်္ကျီနှင့် ခွေးရုပ်အား ပေးလိုက်လေ၏။ သန့်က ကျွန်မကို ငေးကြည့်ရင်း အရုပ်ကို ယူလိုက်ရင်း  ကျွန်မအား ညာဘက်လက်ဖြင့် သိုင်းဖက်လိုက်ကာ ငိုလေတော့သည်။

သန့် - " ကျေးဇူးပါ... တကယ်ကျေးဇူးပါ... မမရယ် အသန့်လေးက မေ့နေတယ် ထင်ပြီး ညက တစ်ညလုံး ငိုပြီးပြီ။... "

ကျွန်မ - " အို... မေ့ပါ့မလား... ဘယ်မေ့မလဲ ဒီကလေးလေး တစ်ယောက်ပဲ ရှိတာကို..."

သန့် - " အမလေး တော်ပါ... မနေ့ကကျ သတိရတဲ့ အရိပ်အယောင်တောင် မပြဘဲနဲ့... အသန့်လေး လက်ဆောင်ပေးတာကိုလည်း ကြောင်ကြည့်နေတယ်လေ... မမေးရက်လို့သာ မမေးတာ... စိတ်ထဲမှာက... အဟင့်..."

ကျွန်မ - " အဲ... မငိုပါနဲ့တော့... အသန့်လေးရယ်...  သတိမရတာ မဟုတ်ပါဘူး... မမလည်း မအားလို့ ဘာမှ မစီစဉ်ဖြစ်တာပါ... မမရဲ့ ကလေးလေးကို အမြဲစိတ်ထဲမှာရှိပါတယ်... "

သန့် - " ဟင့်အင်း မသိဘူး မသိဘူး... ငိုချင်တာပဲ သိတယ်... "

ကျွန်မ - " မငိုနဲ့လေ အသန့်လေးရယ်... ခက်ပါတယ် ဒီကလေးနဲ့တော့... ဒီကိုကြည့် ... အသန့်လေးကိုလေ မမက ဂရုမစိုက်တာ မဟုတ်ပါဘူး... မမလည်း ကျောင်းကိစ္စ က တစ်မျိုး၊  အိမ်ကိစ္စက တစ်မျိုးနဲ့လေ... အလုပ်ရှုပ်နေတာမို့ ခဏလေး ပစ်ထားသလိုဖြစ်သွားတာ... နောက်ဆို ဒီလို မဖြစ်စေရပါဘူး... နော်... စိတ်မကောက်နဲ့တော့... "

သန့် - " စိတ်ကောက်တာ မဟုတ်ဘူး... စိတ်မကောင်းဖြစ်တာ... အသန့်လေးက ဂရုစိုက်သလောက် မမက အသန့်လေးကို ဂရုမစိုက်ဘူး ဆိုပြီးတော့... "

ကျွန်မက ဘယ်ဘက်လက်ဖြင့် အသန့်လေး၏ ခါးကို ဖက်တွယ်ရင်း ညာဘက်လက်ဖြင့် ခေါင်းကို ခပ်ဖွဖွ ပုတ်ရင်း

ကျွန်မ - " မငိုပါနဲ့တော့... မမကို ချစ်ရင် တိတ်တော့နော် အသန့်လေး ငိုနေတာကို မြင်ရရင် စိတ်မကောင်းလို့ပါ... နော်... မငိုနဲ့ လိမ္မာတယ်... "

သန့် - " အွန်း... "

ကျွန်မက သန့်၏ ပါးပြင်ထက်က မျက်ရည်များကို သုတ်ပေးလိုက်ရင်း

The Rope (Own Creation)Where stories live. Discover now