သန့်က စိုးကို ကြည့်ရင် သက်ပြင်းချလိုက်လေ၏။
သန့် - " အင်း... သူနဲ့ အဆက်အသွယ် ဖြတ်ထားပြီး နေနိုင်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရမှာပေါ့ အစ်မရယ်..."
....................
သန့်နှင့်ဝေး၍ မည်သို့မျှ မနေနိုင်သည့် ကျွန်မစိတ်ကို တဖြည်းဖြည်း ကျွန်မ ပို၍ ပို၍ သိလာရသည်။ သူမထံမှ ရောက်ရှိလာမည့် အဝင်ဖုန်းသံကိုသာ ကျွန်မ စောင့်မျှော်နေမိသည်။
ဖုန်းသံကြားလိုက်တိုင်း သန့်များလား ဟူ၍ အတွေးဝင်ကာ အပြေးအလွှား ကိုင်မိခဲ့သည်မှာ တစ်လခန့်ပင် ရှိချေပြီ။
ဖုန်းဝင်လာသံကို ကြားရသဖြင့် အိပ်ချင်မူးတူးဖြင့် ဖုန်းကိုစမ်းကာ ကြည့်လိုက်သောအခါ လုံးဝမမျှော်လင့်ထားသော သန့်ပင် ဖြစ်နေလေ၏။
ကျွန်မ - " အသန့်လေး... "
သန့် - " အင်း... သတိရတယ် မမ... "
ကျွန်မ - " မမ တောင်းပန်ပါတယ်... မမ လည်း စိတ်ဆိုးနေချိန်မိ အသန့်လေးကို ထိခိုက်အောင် ပြောလိုက်မိတယ်... "
သန့် - " မမ အသန့်လေး ကို ဒီလို ပြောတယ် ဆိုကတည်းက ဒီလိုတွေ တွေးလို့သာပေါ့ မမရယ်... ဒါပေမယ့် အဲ့သည့်လို အပြောခံခဲ့ရတာတောင် အသန့်လေးက မမကို စိတ်မနာ နိုင်ခဲ့ဘူး... ဒီရက်တွေမှာ အသန့်လေး သေချာ စဉ်းစားခဲ့မိတယ်... ဝေးသွားကြမယ်ဆို အသန့်လေး အတွက် တကယ် အဆင်မပြေဘူး မမရယ် ... "
ကျွန်မ - " မမလည်း အတူတူပါပဲ... အသန့်လေး... မမ နောက်ဆို ဆင်ခြင်ပါမယ်နော်... ဘယ်လောက်ပဲ စိတ်ဆိုးဆိုး အသန့်လေး စိတ်ထိခိုက်စေမယ့် စကားတွေ မပြောတော့ပါဘူးနော်... ဒါ့ကြောင့် မမကို ထားမသွားပါနဲ့နော်... ကလေးလေးရယ် "
သန့် - " ထားမသွားဖို့က အသန့်လေး ပြောရမှာပါ မမရယ်... ရန်ဖြစ်ထားတာတောင် အသန့်လေး နှလုံးတွေကို ပေါက်ထွက်တော့မလို နာကျင်ရတယ်... ဒီကြားထဲ အသန့်လေး သောက်ဆေးတွေ အများကြီး သောက်ခဲ့ရတယ်... တကယ်သာ ဝေးရင် အို... မတွေးရဲစရာပဲ... "
ESTÁS LEYENDO
The Rope (Own Creation)
Novela JuvenilAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 5
Comenzar desde el principio
