သန့် - " အခု... သူ့ကိုတော့ အဆက်အသွယ် ခဏဖြတ်ထားတယ်... အသန့်လေးတို့ကိစ္စကို ပြန်စဉ်းစားမယ် ပြောထားတယ်... အသန့်လေး အခု ဘာဆက်လုပ်ရမလဲ မသိတော့ဘူး... ဘယ်လို ဆုံးဖြတ်သင့်လဲဟင်..."
စိုး - " နင် သူ့ကို ချစ်လား အသန့်... "
သန့် - " အင်း... ချစ်တယ်... ဘယ်သူနဲ့မှ မတူအောင်ကို ချစ်တာ..."
စိုး - " အေးလေ... နင့်ဆီက တည်တည်တံ့တံ့ စကား ကြားရတာလဲ သူနဲ့မှပဲဟာကို... "
သန့် - " အသန့်လေး အခု ဘာဆက်လုပ်သင့်လဲ... ချစ်တယ် ဆိုတာ ထင်သလောက် မလွယ်ခဲ့ဘူး အသန့်လေး သူနဲ့ပတ်သတ်ရင် ဘာလို့ ဒီလောက် sensitive ဖြစ်နေရတာလဲ မသိဘူး... တခြားထက်လေ တကယ်ဝေးသွားရင် အသန့်လေး နေနိုင်မယ် မထင်ဘူး... ဟိုနေ့က စကားများတာတောင် နှလုံးတွေ အောင့်တက်လာပြီး သေမလိုပဲ... အသန့်လေး တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ... ရည်းစားနဲ့ပြတ်လို့ Heart Attack ဖြစ်တယ်ဆိုတာ အမလေး... ကြားလို့မှ မကောင်း... "
စိုး - " နင်တို့ကိစ္စကို ငါ့မှာ အကြံတောင်းစရာရှားလို့ ငါ့လို အပျိုကြီးကိုမှ အကြံလာတောင်း ရတယ်လို့... ပြီးတော့ နင်တို့ ဇာတ်လမ်းကလည်း သာမန်မဟုတ်တဲ့ ဇာတ်လမ်း..."
သန့် - " ဟင်... အစ်မကလည်း အသန့်လေးမှာ တစ်ခုခုဆို အစ်မပဲ ရှိတာ ... အစ်မကိုမှ မမေး ဘယ်သူ့ကို သွားမေးရမှာလဲ... ကိုကို့ကိုကျတော့လည်း ဒီကိစ္စတွေ တိုင်ပင်လို့မှ မကောင်းတာ... "
စိုး - " ဟင်း... ဒီ ရူးတူးပေါတောလေးနဲ့ အပေါင်းအသင်းဖြစ်နေတဲ့ ငါ့ကိုယ်ငါ သနားလိုက်တာနော်... နင့်ကိုယ်နင် အရင်ပြန်စဉ်းစား အသန့်... နင့်စိတ်အခြေအနေနဲ့ နင့်ကျန်းမာရေးကို ထည့်တွက်... ပြီးမှ ပြတ်တာ စဲတာ နင်တို့ ကဏ္ဍ... နင် သူ့ကို စွန့်လွှတ် လိုက်လည်း ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာ နင်ပဲ အသိဆုံး။ နင်တို့ ဝေးသွားလည်း နင်နေနိုင်တယ် ဘာမှ ဖြစ်မသွားဘူး ဆို တစ်မျိုး၊ နင်သူ့အပေါ် ဘယ်လောက် ချစ်လဲ မြတ်နိုးလဲ နင့် အပြင် ဘယ်သူမှ မဆုံးဖြတ်နိုင်ဘူး။ နင် ပတ်ဝန်းကျင် ရဲ့ အကြံဉာဏ်တွေကို ခေါင်းထဲ မထည့်ဘဲ နင့်စိတ်ကို နင်သေချာ ပြန်မေးကြည့်... ငါကတော့ ဒီလောက်ပဲ ပြောနိုင်တယ်... ကျန်တာက နင်ဆုံးဖြတ်... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 5
Start from the beginning
