နောက် နှစ်ရက် အကြာတွင် ကျွန်မ Fb သုံးနေစဉ်
သန့် " မမ... အသန့်လေးကို လိမ်တယ်..."
ကျွန်မ - " ဟင်... ဘာလိမ်မိလို့လဲဟင်..."
ကျွန်မ သန့်အပေါ် လိမ်ထားမိသည့်အရာမရှိပါ။ သို့ဖြစ်၍ သန့်ထံမှ စာဝင်လာသောအခါ၌ ရုတ်တရက်လန့်သွားလေသည်။ သန့်က ဓာတ်ပုံတစ်ပုံ ပို့လာလေသည်။
သန့် -
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
သန့် - " အဲ့မှာ ဖတ်ကြည့်..."
ကျွန်မ - " ဟား... ညီမလေးကလည်း တကယ်ထင်လို့ လန့်သွားတာပဲ..."
သန့် - " ဟင်... လန့်တယ်ဆို ကတည်းက မမက အသန့်လေးကို လိမ်ထားတာ ရှိလို့ပေါ့..."
ကျွန်မ - " ဟယ်... မဟုတ်တာ..."
သန့် - " ဘာမဟုတ်ရမှာလဲ... မမ အသန့်လေးကို ချစ်နေတာကို လိမ်ထားတယ် မလား..."
ကျွန်မ - " ဟင်..."
သန့် - " ဟုတ်တယ် မလား... ဟမ်..."
ကျွန်မ - " မလိမ်ပါဘူး... ချစ်ပါတယ်..."
သန့် - " ဟုတ်ပြီ...ဟုတ်ပြီ ဟားဟား..."
ကျွန်မ - " မရယ်နဲ့ ညီမလေး... မကြီး ညီမလေးကို တကယ်ချစ်နေတာ... "
သန့် - " အင်းပေါ့... မချစ်ရင် အသန့်လေးကို ဘယ်ဂရုစိုက်ပေးပါ့မလဲ... မေကတောင် ပြောနေတာ သူနောက်တစ်ခါ တွေ့ရင် သေချာကျေးဇူးတင်စကားပြောရမယ်တဲ့... "
ကျွန်မ - " မဟုတ်ဘူး ညီမလေး... မကြီးက ညီမလေးကို ချစ်တယ်ဆိုတာ ကိုယ့်ညီမကို ချစ်သလို မဟုတ်ဘူး..."
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 3
Start from the beginning
