သန့်၏မိခင် - " အေး အေး ဟုတ်တယ်... မီးလေး မပါဘူးလားတောင် မေးနေသေးတယ်..."

သန့် - " အဲ့လိုမှန်းသိရင် လိုက်ခဲ့ပါတယ်... အစက သူနဲ့ ဒီနေ့ တွေ့မယ်ပြောထားတာ... သူက ညနေပဲ အားပြီး မီးလေးက ညနေ ဟိုဟာတွေနဲ့ ချိန်းထားလို့လေ... အမှန်ဆို သူနဲ့ပဲ သွားတွေ့လိုက်ရမှာ ဒီနေ့ ဝက်မက (အင်ကြင်း ၏ နာမည်ပြောင်) နောက်ကျလို့ စိတ်တိုခဲ့ရသေးတယ်... သူက နက်ဖြန် မနက်စောစော ပြန်မှာမို့ နောက်မှတွေ့မယ်လို့ ပြောလိုက်ရတယ်..."

သန့်၏မိခင် - " အဲ့ကလေးမက လူကြီးဆန်တယ်နော် စကားပြောတာ ဆိုတာကအစ ရည်ရည်မွန်မွန်လေး... အမှန်ဆို မေနဲ့တွေ့ဖူးတာမှ မဟုတ်တာ... သူလာနှုတ်မဆက်လည်း ရတာပဲလေ... အခုကတော်တော်လေး ဖော်ဖော်ရွေရွေရယ်... ငါ့သမီးလေးကိုလည်း အဲ့လိုပုံစံမျိုး ဖြစ်စေချင်လိုက်တာနော်..."

သန့် - " ဟာ... မေကလည်း အခု မီးလေးက ဘာဖြစ်နေတာမို့လို့လဲ... မီးလေးက သည်လောက် လိမ္မာတာကို..."

သန့်၏မိခင် - " အမလေး... လိမ်လည်းလိမ်တယ် အကြောလည်းမာတယ်လား..."

သားအမိ နှစ်ယောက် တပြိုင်နက် ရယ်လိုက်ကြ၏။

...................

သန့် - " မမ... နေ့လယ်က မေနဲ့ တွေ့တယ်ဆို..."

ကျွန်မ - " အင်း... ဟုတ်တယ်... အန်တီက တော်တော်ခင်ဖို့ ကောင်းတာနော်... သဘောလည်းကောင်းတယ်... မကြီးနဲ့ အခုမှ သိတာတောင် သမီး သမီးနဲ့..."

သန့် - " ဟုတ်တယ်... မေက အသန့်လေးထက် social ကောင်းတယ်... "

ကျွန်မ - " ညီမလေး မပါဘူးလားလို့တောင် မေးလိုက်သေးတယ်..."

သန့် - " အင်း... မေ ပြောတယ်... "

ကျွန်မကို သန့်က သူမ သူငယ်ချင်းတွေအကြောင်း ပြောပြသည်။ ကျွန်မနဲ့ မတွေ့ဘဲ စိတ်အရှုပ်ခံ သွားလိုက်မိလို့ မှားသွားသည် ဟူသော စကားကြောင့် ကျွန်မ မှာ ပျော်ရမလို ငိုရမလိုပင် ဖြစ်ခဲ့ရသေးသည်။
....................

The Rope (Own Creation)Où les histoires vivent. Découvrez maintenant