နာရီကို ကြည့်ရင်း သန့်စိတ်တိုနေချေပြီ။ ရောက်လာပါပြီ။ အင်ကြင်း ဘေးမှာ သူ့ဘဲနဲ့။ သန့်၊ အိကျော့နှင့် ခင်အိ သူတို့အတွဲကို ကြည့်ရင်း ဒေါသထွက်လာ၏။

သန့် - " ချိန်းထားတာက လေးနာရီခွဲလေ... အခု ငါးနာရီတောင် ကျော်နေပြီ... ငါက အိမ်ကို ခြောက်နာရီ လာခေါ်ခိုင်းထားတာ..."

အိကျော့ - " ငါလည်း ခြောက်နာရီ မခွဲခင် အရောက်ပြန်ရမှာ "

အင်ကြင်း - " ငါ သူနဲ့ တွေ့နေသေးလို့ပါဟ..."

သန့် - " နင်သူနဲ့တွေ့နေလို့ နောက်ကျနေတယ်ဆိုရင် ဘာလို့ သူ့ကို ဒီခေါ်လာနေသေးလဲ... ဒီမှာလည်း တွေ့လို့ရနေတာပဲကို... နှစ်ယောက်တည်းတွေ့ချင်လည်း တစ်ရက်သက်သက် ချိန်းပေါ့ဟာ... အခုက သူငယ်ချင်းတွေ တွေ့ကြရုံ ရှိသေးပြန်ရတော့မယ်..."

ခင်အိ - " ငါဆို အိမ်မှာ ဘယ်သူမှ မရှိတာတောင် သော့ခတ်ပြီး  ထွက်လာတာ..."

အင်ကြင်း - " နောက်မဖြစ်စေရပါဘူးဟာ..."

သူငယ်ချင်းအားလုံး အင်ကြင်းတို့ အတွဲကို မျက်စောင်းထိုး လိုက်ကြသည်။
....................

သန့် စိတ်တိုကာ အိမ်ပြန်လာခဲ့သည်။
ဧည့်ခန်းတွင် Laptop ဖြင့် photoshop လုပ်နေစဉ်

သန့်၏မိခင် - " မီးငယ်လေး... နေ့လယ်ကလေ မကြည်လေးတို့ အလှူမှာလေ ကောင်မလေးတစ်ယောက်က မီးလေး အသိဆိုပြီး လာနှုတ်ဆက်တယ်... သိလား "

သန့် က laptop ကို ကြည့်နေရင်း စိတ်မဝင်စားဟန်ဖြင့်ပင်

သန့် - " အင်း... ဟုတ်လား... "

သန့်၏မိခင် - " မေ့ကို တစ်ခါတွေ့ဖူးတယ်တဲ့... မီးလေးနဲ့ ထားဝယ်သွားရင်း ခင်လာတာတဲ့..."

သန့် အံ့သြသွားပြီး

သန့် - " ဟင်... သူ့နာမည်ရော သိလား..."

သန့်၏မိခင် - " သန္တာ ဘာဆိုလားပဲ..."

သန့် - " ဟင်... သန္တာရောင် လား... "

The Rope (Own Creation)Where stories live. Discover now