သန့် - " မမ... သတိရတယ်..."

သန့် ထံမှ သတိရသည်ဟူသော စကားလုံးက ကျွန်မအတွက် နှလုံးသွေးများရပ်တန့်သွားလောက်အောင်ပင် ရင်ခုန်ရလေသည်။

ကျွန်မ - " အင်း... အတူတူပဲ ... မကြီးလည်း တစ်ချိန်လုံး ညီမလေးကို သတိရနေခဲ့တာ..."

သန့် - " မြောင်းမြကို ရောက်ရင် အချိန်မရွေး ဆက်သွယ်နော်... တွေ့ချင်သေးတယ်..."

ကျွန်မ - " လာဖြစ်ရင် ဆုံကြမယ်လေ... ဪ... နောက်တစ်ပတ် တနင်္ဂနွေ လာဖို့ရှိတယ်... နီးရင်ပြောမယ်လေ..."

သန့် - " ဟုတ်... Out တော့မယ်နော်... ကိုကို ခေါ်နေလို့ "

ကျွန်မ - " အင်း... တာ့တာ ညီမလေး..."

ကျွန်မ ၏ နောက်ဆုံးစာကိုပင် seen မပြဘဲ ချက်ချင်း ဆင်းသွားလေသောအခါ ကျွန်မ ရင်ထဲဟာ၍ ကျန်ခဲ့လေသည်။
....................

ဤသို့ဖြင့် ကျွန်မတို့ နေ့တိုင်းစကားပြောဖြစ်ခဲ့ကြသည်။ နောက်တစ်ပတ် စနေနေ့ည ( ကျွန်မ မြို့ပေါ်သို့ မတက်မီ တည)

ကျွန်မ - " ညီမလေး... မနက်ဖြန် မကြီး လာဖြစ်တယ်နော်... ညနေပိုင်းလောက် အားလား..."

သန့် - " ဟင်... နေ့လယ် မရဘူးလား... ညနေက သူငယ်ချင်းတွေနဲ့ ချိန်းထားလို့..."

ကျွန်မ - " နေ့လယ် အမျိုးအိမ်မှာ အလှူရှိတာလေ အဲ့ဒါကြောင့် မနက်ဖြန် မြို့ပေါ်တက်မှာ... သန်ဘက်ခါကိုက မနက် ငါးနာရီလောက် ပြန်မှာ..."

သန့် - " ဟယ်... ဒါဆို မတွေ့ရတော့ဘူးပေါ့... သူငယ်ချင်းတွေနဲ့ကလည်း မဖျက်လိုက်ချင်ဘူး "

ကျွန်မ - " ရပါတယ်... နောက်လည်း တွေ့လို့ရသေးတာပဲကို "

သန့် - " နောက်တစ်ခါဆိုရင်တော့ မမကို ဦးစားပေးပါမယ်နော်... "

ကျွန်မ - " အင်းပါ... နောက်မှ ဆုံကြတာပေါ့... "

သန့်နှင့် မတွေ့ရတော့ဘူး ဆိုတာ သိခဲ့ရသောအခါ ကျွန်မ ဝမ်းနည်းခဲ့ရပြီး ကျွန်မက သန့်ရဲ့ သူငယ်ချင်းတွေလောက် အရေးမပါဟု တွေးမိကာ မျက်ရည်ပင်ကျခဲ့ရသည်။ ဤသည်မှာ အသည်းကွဲခြင်းလား...။ ကျွန်မ ဘာ့ကြောင့် ဒီလိုဖြစ်နေရသည်မှာ ကိုယ်တိုင်ပင် မသိတော့ချေ။
............

The Rope (Own Creation)Where stories live. Discover now